Tel: 067409019 | Mail: messenger@e-mining.gov.mm
သတင်းစဉ်၊ နေပြည်တော် (၁၇.၇.၂၀၁၈)
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ပညာရည်ချွန်ဆု ချီးမြှင့်ပွဲနှင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ပညာသင် ထောက်ပံ့ကြေး ပေးအပ်ပွဲကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်နေ့ နံနက် (၀၈ : ၃၀ )နာရီအချိန်တွင် ရုံးအမှတ် (၁၉)ရှိ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။
ပြည်ထောင်စုဝန်ကြီးက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (သတ္တု ရေးရာ) ဝန်ထမ်းများရဲ့ သား/သမီးများထဲမှ (၆)ဘာသာ ဂုဏ်ထူးရှင် (၁)ဦး၊ (၅)ဘာသာ ဂုဏ်ထူးရှင် (၁)ဦး၊ (၄)ဘာသာ ဂုဏ်ထူးရှင် (၂)ဦး၊ (၃)ဘာသာ ဂုဏ်ထူးရှင် (၃)ဦး၊ (၂)ဘာသာ ဂုဏ်ထူးရှင် (၅)ဦး၊ (၁)ဘာသာ ဂုဏ်ထူးရှင် (၁၇)ဦး ရရှိပြီး ရိုးရိုးအောင်မြင်သူ (၆၃)ဦး ရှိကြောင်း၊ ကျောင်းသား / ကျောင်းသူ များရဲ့ တစ်နှစ်လုံး အပင်ပန်းဆင်းရဲခံ လုံ့လဝရီရိယ အားကုန်ထုတ် ကြိုးစားလာခဲ့သည့် ရလဒ်ကို ဂုဏ်ပြုပါကြောင်း၊ ကျောင်းသား/ကျောင်းသူများ၏ မိဘများသည် နိုင်ငံဝန်ထမ်းများ ဖြစ်ကြ သည့်အတွက် “မွေခံထိုက်စေ” ဆိုသည့် ရုပ်ဝတ္ထုပစ္စည်းဥစ္စာထက် ပညာအမွေကို ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ယနေ့ ကျောင်းသား/ကျောင်းသူများသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ် တည်ဆောက်ရန် ၊ ကာကွယ်စောင့်ရှောက်ရန် အဆင့်ဆင့် ပုခုံးပြောင်း တာဝန်ထမ်းဆောင်သွားကြရ မည်ဖြစ်ပါကြောင်းဖြင့် ပြောကြား ပါသည်။
ထို့နောက် အခမ်းအနားအစီအစဉ်အတိုင်း ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက(၆) ဘာသာဂုဏ်ထူးရှင် အား ပညာရည်ချွန်ဆုနှင့် ဂုဏ်ပြုလက်မှတ်ကိုလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး များက ဂုဏ်ထူးရ ကျောင်းသား/ ကျောင်းသူများအား ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ပြီး ၂၀၁၈-၂၀၁၉ ပညာသစ်နှစ် ပညာသင်ထောက်ပံ့ကြေးများကို သက်ဆိုင်သူများသို့ တာဝန်ရှိသူများမှ ပေးအပ်ခဲ့ပါသည်။ အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဂုဏ်ထူးရှင် ကျောင်းသား/ကျောင်းသူများ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိပါသည်။
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm