Tel: 067409019 | Mail: messenger@e-mining.gov.mm
နေပြည်တော်၊မေလ(၁၀)ရက်
ဂျပန်နိုင်ငံ Mitsubishi Coporation မှ သတ္တုတွင်း ဝန်ကြီးဌာနသို့ ကျောက်သွေး အရောင်တင်စက် Polishing Machine (၁၀)လုံး လှူဒါန်း လွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနားကို ၂၀၁၃ ခုနှစ်၊ မေလ (၁၀)ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်၌ နေပြည်တော် သတ္တုတွင်း ဝန်ကြီးဌာန၊ သီရိရတနာ ခန်းမတွင် ကျင်းပပြုလုပ်ရာ သမ္မတရုံး ဝန်ကြီးဌာန(၁)၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွှန့်၊ သတ္တုတွင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်အောင် သတ္တုတွင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းထွန်းအောင်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဂျပန်နိုင်ငံ ကောင်စစ်ဝန် HE. Mr. Ichiro Maruyama ၊ Honarary Chairman of Mitsubishi Corporation Mr. Mikio Sasaki ၊ ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ Mr. Hideo Watanabe၊ သတ္တုတွင်းဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာ အရာရှိကြီးများ၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း၊ ဒုတိယဥက္ကဋ္ဌများနှင့် အတွင်းရေးမှူး၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။
အခမ်းအနားတွင် သမ္မတရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွှန့်က အဖွင့်အမှာစကား ပြောကြားပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဂျပန်နိုင်ငံ ကောင်စစ်ဝန်နှင့် ဂျပန်-မြန်မာချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌမှ အမှာစကား ပြောကြားပါသည်။ ထို့နောက် Honarary Chairman of Mitsubishi Corporation Mr. Mikio Sasaki က မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးထံ လှူဒါန်းစက်ပစ္စည်းများနှင့် ပစ္စည်းများ၏ မှတ်တမ်းများအား လွှဲပြောင်းပေးအပ်ပါသည်။ ၎င်းနောက် သတ္တုတွင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်အောင် က Honarary Chairman of Mitsubishi Corporation Mr. Mikio Sasaki သို့ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ ဦးဆောင် ညွှန်ကြားရေးမှူးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားပါသည်။ ၎င်းနောက် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြပြီး အခမ်းအနားကို ရုတ်သိမ်း ခဲ့ကြပါသည်။
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm