Tel: 067409019 | Mail: messenger@e-mining.gov.mm



 

 

နေပြည်တော် (၂၄.၇.၂၀၁၃)

အမှတ်(၁)သတ္တုတွင်းလုပ်ငန်း၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် Wanbao Mining Ltd. တို့၏ စစ်ကိုင်းတိုင်း ဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ လက်ပတောင်းတောင် ကြေးနီ သတ္တုတွင်းစီမံကိန်း၏ ကြေးနီသတ္တုစင် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် လုပ်ငန်းသဘောတူ စာချုပ်အား ပြင်ဆင်သည့် စာချုပ်လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၂၄)ရက်နေ့ နံနက် (၀၈:၀၀) နာရီတွင် နေပြည်တော်ရှိ သတ္တုတွင်းဝန်ကြီးဌာန၊ သီရိရတနာခန်းမတွင်ကျင်းပ ပြုလုပ်ရာ သတ္တုတွင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်အောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြား ပါသည်။

            အဆိုပါ အခမ်းအနားသို့ သမ္မတရုံးဝန်ကြီးဌာန(၆)၊ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းထွန်း၊ ရထား ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ရှင်း၊ သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးဝင်း၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး သူရဦးသောင်းလွင်၊ သတ္တုတွင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းထွန်းအောင်၊ ဒုတိယပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သစ်တော၊ သတ္တုဝန်ကြီး ဦးသန်းထိုက်၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် မန်နေဂျင်း ဒါရိုက်တာ ဗိုလ်ချုပ်ဇာနည်ဝင်း၊ Wanbao Mining မှ President Mr. Chen De Fang၊ Vice President Mr. Geng Yi နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။

            ထို့နောက် လက်ပတောင်းတောင် ကြေးနီသတ္တုတွင်းစီမံကိန်း၏ ကြေးနီသတ္တုစင် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် လုပ်ငန်းသဘောတူစာချုပ်အား ပြင်ဆင်ချုပ်ဆိုသည့် စာချုပ်အား အမှတ်(၁)သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်ဆန်း၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်  မန်နေဂျင်း ဒါရိုက်တာ ဗိုလ်ချုပ်ဇာနည်ဝင်း၊ Wanbao Mining မှ President Mr. Chen De Fang တို့က စာချုပ်များအား သဘောတူ လက်မှတ်ရေးထိုး၍ အပြန်အလှန်လဲလှယ်ကြကာ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးပြီး အခမ်းအနားကို ရုတ်သိမ်း ခဲ့ပါသည်။