Tel: 067409019 | Mail: messenger@e-mining.gov.mm

နေပြည်တော် (၂၂.၈.၂၀၁၃)
သတ္တုတွင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်အောင်အား ကချင်အထူးဒေသ(၁)အဖွဲ့ခေါင်းဆောင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇခုန်တိန်ယိန်းသည် ၂၀၁၃ ခုနှစ်၊ သြဂုတ်လ(၂၂)ရက်နေ့ နံနက် (၁၀:၀၀)နာရီ အချိန်တွင် နေပြည်တော်ရှိသတ္တုတွင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမသို့လာရောက် တွေ့ဆုံ နှုတ်ဆက်၍ ဒေသတွင်း သတ္တုကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာကိစ္စရပ် များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ ကြပါသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ သတ္တုတွင်းဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးသန်းထွန်းအောင် နှင့် ဦးစီးဌာန/ လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ တက်ရောက် ခဲ့ကြ ကြောင်းသတင်းရရှိပါသည်။
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm