Tel: 067409019 | Mail: messenger@e-mining.gov.mm



 

နေပြည်တော်   (၂၆.၈.၂၀၁၃)

           

      " Training & Consultation on Building a World Class Strategy For  Ministry of Mines , the Republic of the Union of Myanmar " သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၂၆)ရက်နေ့ နံနက် (၀၉:၀၀)နာရီအချိန်တွင် နေပြည်တော်ရှိ သတ္တုတွင်း ဝန်ကြီးဌာန၊ သီရိရတနာ ခန်းမတွင် ကျင်းပပြုလုပ်ရာ သတ္တုတွင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်အောင် တက်ရောက် ချီးမြှင့်ပါသည်။

            အဆိုပါ အခမ်းအနားသို့ သတ္တုတွင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းထွန်းအောင်၊ သြစတြေးလျနိုင်ငံ၊ Strategy Matters (Myanmar) Co., Ltd. မှ ဒါရိုက်တာ Ms. Margraet Bridges၊ သတ္တုတွင်းဝန်ကြီးဌာန၊ ဦးစီးဌာနနှင့်လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ သင်တန်းသား/သင်တန်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြ ပါသည်။

         အခမ်းအနားတွင် သတ္တုတွင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်က အဖွင့် အမှာစကား ပြောကြားပြီး Strategy Matters (Myanmar) Co., Ltd. မှ ဒါရိုက်တာ Ms. Margraet Bridges က သင်တန်းဖွင့်လှစ်ပို့ချရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းတင်ပြပါသည်။ အဆိုပါ သင်တန်းသို့ သင်တန်းသား/သင်တန်းသူ (၂၅)ဦး တက်ရောက်ပြီး သင်တန်းကာလ ရက်သတ္တပတ် (၂)ပတ်ကြာမြင့်မည် ဖြစ်ပါသည်။