Tel: 067409019 | Mail: messenger@e-mining.gov.mm
နေပြည်တော် (၁၁.၈.၂၀၁၄)
သတ္တုတွင်းဝန်ကြီးဌာန၊ နိုင်ငံ့ဝန်ထမ်းများ ကျွမ်းကျင်မှု အရည်အသွေး မြှင့်တင်ခြင်းဆိုင်ရာ ဆွေးနွေးပွဲကို ၂၀၁၄ ခုနှစ်၊ သြဂုတ်လ (၁၁)ရက်နေ့ နံနက် (၀၉:၃၀)နာရီအချိန်တွင် နေပြည်တော်၊ သတ္တုတွင်းဝန်ကြီးဌာန၊ သီရိရတနာခန်းမတွင် ကျင်းပပြုလုပ်ရာ သတ္တုတွင်းဝန်ကြီးဌာန၊ ပြည်ထောက်စုဝန်ကြီး ဒေါက်တာမြင့်အောင် တက်ရောက် အားပေးချီးမြှင့်ပါသည်။
အဆိုပါအခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးသန်းထွန်းအောင်၊ ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာန/ လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ပြည်ထောင်စု ဝန်ကြီးရုံး၊ သတ္တုတွင်း ဦးစီးဌာန၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန၊ အမှတ်(၁)သတ္တုတွင်းလုပ်ငန်း၊ အမှတ်(၂) သတ္တုတွင်းလုပ်ငန်း၊ အမှတ်(၃)သတ္တုတွင်းလုပ်ငန်း၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း၊ မြန်မာ့ဆားနှင့် အဏ္ဏဝါ ဓာတုဗေဒ ပစ္စည်းထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး လုပ်ငန်းတို့မှ အရာထမ်း/အမှုထမ်း စုစုပေါင်း (၅၀၀)ဦး တက်ရောက် ကြပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး(ကိုယ်စား) ဒုတိယဝန်ကြီး ဦးသန်းထွန်းအောင်က အဖွင့်အမှာစကား ပြောကြားပါသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးတို့က လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်ရာတွင် ကျွမ်းကျင်မှု ရှိစေရေးနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေးကိစ္စများ ဆွေးနွေးပြောကြားပါသည်။ ပြီးနောက် ဝန်ထမ်းပညာရှင်များက သတ္တုတွင်းဆိုင်ရာ လုပ်ငန်းများ စွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများ ကျွမ်းကျင်မှုရှိစေရေးတို့ကို Power Point များဖြင့် ဆွေးနွေး ရှင်းလင်း ပြောကြားပါသည်။ ၎င်းနောက် ဒုတိယဝန်ကြီးမှ ထပ်ဆင့်ရှင်းလင်း ဆွေးနွေး ပြောကြား ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်အောင်မှ ပါဝင်ဆွေးနွေးရာတွင် နိုင်ငံတော်၏ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ် တတိယအဆင့် အရှိန်အဟုန်မြှင့်တင်မှု (Third Wave) လုပ်ငန်းစဉ်များကို ဝန်ကြီးဌာနများမှ အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်လျက် ရှိကြောင်း၊ သတ္တုတွင်း ဝန်ကြီးဌာနအနေဖြင့် တာဝန်သိမှု၊ တာဝန်ယူမှုဖြင့် ပေါင်းစပ်ညှိနှိုင်းစီမံခန့်ခွဲခြင်းဆိုင်ရာ ဆွေးနွေးပွဲများကို (၃၀.၆.၂၀၁၄) ရက်နေ့တွင် နေပြည်တော်ရုံးချုပ်၌လည်းကောင်း၊ (၁၂.၇.၂၀၁၄)၊ (၁၃.၇.၂၀၁၄)၊ (၁၄.၇.၂၀၁၄) ရက်တို့တွင် ပြင်ဦးလွင်၊ မန္တလေး၊ မုံရွာမြို့များရှိ နယ်ရုံးခွဲများတွင်လည်းကောင်း ကျင်းပခဲ့ကြောင်း၊ (၂၃.၇.၂၀၁၄)ရက်နေ့တွင် နေပြည်တော်ရုံးချုပ်၌ ပြည်ထောင်စု ဝန်ကြီးဌာနများ တာဝန်ယူရသည့် လုပ်ငန်းကဏ္ဍများအလိုက် အစိုးရ/ ပုဂ္ဂလိက ပညာရှင်များ ပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းကျွမ်းကျင်မှု အရည်အသွေး မြှင့်တင်ရေး၊ သတ္တုကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်၏ အမျိုးသား စီမံကိန်းတွင် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးများကို ဆွေးနွေးခဲ့ကြသည့်အတွက် များစွာ ထိရောက် အကျိုးရှိသည့် ဆွေးနွေးပွဲတစ်ခု ဖြစ်ကြောင်းဖြင့် ပြောကြားပြီး အခမ်းအနားကို (၁၂:၁၅)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm