Tel: 067409019 | Mail: messenger@e-mining.gov.mm



 

နေပြည်တော်   (၉.၈.၂၀၁၄)

        သတ္တုတွင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်အောင်သည် ဒုတိယဝန်ကြီး ဦးသန်းထွန်းအောင်၊ ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ နှင့်အတူ ယနေ့ မွန်းလွဲ (၁၅:၀၀)နာရီအချိန်တွင် နေပြည်တော်၊ သုခသိဒ္ဓိရပ်ကွက်၊ ဝန်ထမ်းအိမ်ရာ (ဘူးကွဲ) တိုက်အမှတ် (၄၃၄၀၊ ၄၃၄၁၊ ၄၃၄၂၊ ၄၃၃၄၊ ၄၃၃၆၊ ၄၃၃၇၊ ၄၃၃၈၊ ၄၃၃၉) တို့၌ နေပြည်တော်ရှိ သတ္တုတွင်း ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက် ရှိသော အရာထမ်း/အမှုထမ်းများနှင့် မှီခိုမိသားစုဝင်များ၏ သက်သာ ချောင်ချိရေးအတွက် မိုးရာသီကာလတွင် ရာသီပင်များ၊ သီးပင်/စားပင်များကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားရှိမှု အခြေအနေများ၊ ဝန်ထမ်းအိမ်ရာများနှင့် အပျိုဆောင်/လူပျိုဆောင်များ၏ ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်သာယာ လှပရေး၊ ဝန်ထမ်းမိသားစုများ၏ ကျန်းမာရေးအတွက် ခြင်၊ ယင်၊ ပိုးလောက်လန်းများ ပေါက်ပွားနိုင်သည့် ခြုံနွယ် ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်းများ ဆယ်ယူရှင်းလင်းခြင်းများဆောင်ရွက် ထားရှိမှု အခြေအနေများ၊ နိုင်ငံပိုင် အိမ်ရာ/အဆောက်အဦများ ရေရှည်တည်တံ့ခိုင်ခန့် ကောင်းမွန်ရေးအတွက် ပျက်စီးယိုယွင်းမှုများ အချိန်မီပြင်ဆင်ရေး ဆောင်ရွက် ထားရှိမှုအခြေအနေများ၊  မီးဘေးလုံခြုံရေးဆောင်ရွက် ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းမိသားစု များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ပါသည်။