Tel: 067409019 | Mail: messenger@e-mining.gov.mm

uuuu

သတင်းစဉ်၊ နေပြည်တော် (၂၄.၇.၂၀၁၅)
သတ္တုတွင်းဝန်ကြီးဌာန၊ ၂၀၁၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၂၄)ရက်နေ့ ညနေ (၁၇:၀၀)နာရီအချိန်တွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မဟာသကျရံသီရုပ်ရှင်တော်မြတ်ကြီး ပရဝဏ်၌ကျင်းပရာ သတ္တုတွင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်အောင် တက်ရောက်၍ ရတနာတန်းဝင် ကျွန်းပင်အား စိုက်ပျိုးပါသည်။ ယင်းနောက် ဒုတိယဝန်ကြီးဦးသန်းထွန်းအောင်က ပျဉ်းကတိုးပင်ကိုလည်းကောင်း၊ ဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနလုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများမှ သတ်မှတ်နေရာ အသီးသီး၌ အရိပ်ရပင်၊ လေကာပင်၊ ပျဉ်းမ၊ တမာ၊ ပိတောက်၊ ခရေ၊ ကံ့ကော်၊ ကျွန်း၊ ပျဉ်းကတိုး၊ သရက် စုစုပေါင်း (၂၅၀) ပင်အား စိုက်ပျိုးကြပါသည်။
သတ္တုတွင်းဝန်ကြီးဌာနတွင် ၂၀၁၅ ခုနှစ်၊ ဇူလိုင်လအထိ စိုက်ပျိုးထားရှိပြီး အရိပ်ရပင်၊ လေကာပင်၊ သီးပင်စားပင် စုစုပေါင်း (၅၈၆၁၄) ပင် ရှိပြီ ဖြစ်ပါသည်။
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm