Tel: 067409019 | Mail: messenger@e-mining.gov.mm



 

 

သတင်းစဉ်၊နေပြည်တော် (၂၃.၉.၂၀၁၅)

သတ္တုတွင်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်တို့ ပူးပေါင်းကျင်းပသည့် လူ့အခွင့်အရေး ဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးဟောပြောပွဲကို နေပြည်တော်၊ ရုံးအမှတ် (၁၉)၊ သတ္တုတွင်းဝန်ကြီးဌာန၊ သီရိရတနာ ခန်းမ၌ ၂၀၁၅ခုနှစ်၊ စက်တင်ဘာလ(၂၃)ရက်နေ့ နေ့လည်(၀၁:၃၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ သတ္တုတွင်းဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်အောင်နှင့် အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ် များ၊  ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အရာထမ်း/အမှုထမ်း စုစုပေါင်း (၂၁၈)ဦး တက်ရောက်ကြပါသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင် ဦးယုလွင်အောင်က လူ့အခွင့်အရေး၏ အနှစ်သာရများအကြောင်း၊ ကော်မရှင် ဥပဒေ၊ တိုင်တန်းချက်များအကြောင်းနှင့် အဖွဲ့ဝင် ဒေါက်တာဉာဏ်ဇော်က ကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်ဆောင်ရွက်ချက်များကြောင်းတို့ကို ရှင်းလင်းဆွေးနွေးပြီး မေးမြန်းချက်များအား ပြန်လည် ဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။