Tel: 067409019 | Mail: messenger@e-mining.gov.mm
နေပြည်တော် (၁၉.၁၀.၂၀၁၆)
စင်္ကာပူနိုင်ငံ အခြေစိုက် Centre for Management Technologies မှ ကျင်းပပြုလုပ်သည့် 3rd Myanmar Mining Summit ကို ရန်ကုန်တိုင်းဒေသကြီး၊ Melia Hotel ၌ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၁၉)ရက်နေ့ နံနက် (၀၉:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြား ပါသည်။
အဆိုပါ 3rd Myanmar Mining Summit သို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ သတ္တုတွင်းဦးစီးဌာန၊ ဘူမိဗေဒလေ့လာရေးနှင့်ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန၊ အမှတ်(၁)သတ္တုတွင်းလုပ်ငန်း၊ အမှတ်(၂)သတ္တုတွင်း လုပ်ငန်း၊ သစ်တောဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ဦးဆောင် ညွှန်ကြားရေးမှူးများ၊ သြစတြေးလျနိုင်ငံ University of Tasmania မှ ပါမောက္ခ ဦးခင်ဇော်၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တာဝန်ရှိသူများ၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ တာဝန်ရှိသူများ၊ ပြည်တွင်း/ပြည်ပ သတ္တုတူးဖော်ထုတ်လုပ်နေသည့် ကုမ္ပဏီများမှ လုပ်ငန်းရှင်များ၊ ပညာရှင်များ၊ ဂျပန်နိုင်ငံ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံတို့မှ သတ္တုလုပ်ငန်းရှင်များ၊ ပညာရှင်များ၊ ဖိတ်ကြား ထားသူများ စုစုပေါင်း (၁၂၄)တက်ရောက်ခဲ့ပါသည်။
3rd Myanmar Mining Summit ဆွေးနွေးပွဲတွင် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများအား မြန်မာ့သတ္တု ကဏ္ဍတွင် လာရောက်ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများ၊ အခြေအနေများကို ဝိုင်းဝန်းဆွေးနွေးတင်ပြခဲ့ ကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဂျပန်နိုင်ငံ၊ Japan Oil, Gas and Metals Natural Corporation (JOGMEC) မှ Project Director ဖြစ်သူ Mr. Satoshi Sadatni နှင့် လည်းကောင်း၊ သြစတြေးလျနိုင်ငံ၊ Skill DMC ကုမ္ပဏီ ဥက္ကဋ္ဌ Mr. Michael Gill အား လည်းကောင်း မြန်မာ့သတ္တု ကဏ္ဍနှင့် စပ်လျဉ်း၍ သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
အဆိုပါ 3rd Myanmar Mining Summit ဆွေးနွေးပွဲကို (၁၉.၁၀.၂၀၁၆)ရက်နေ့မှ (၂၀.၁၀.၂၀၁၆) ရက်နေ့ထိ (၂)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm