Tel: 067409019 | Mail: messenger@e-mining.gov.mm



နေပြည်တော် ဇန်နဝါရီ (၅) ရက်

သတ္တုတွင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်အောင်သည် ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးနှင့် အဖွဲ့ဝင်များအား (၅.၁.၂၀၁၃) ရက်နေ့နံနက် (၁၀)နာရီတွင် သတ္တုတွင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံ ခဲ့ရာတွင် သတ္တုတွင်းဝန်ကြီးဌာနမှ သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲမြင့်ဆွေ၊ မြန်မာ့ ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးဦးသိန်းဆွေ၊ အမှတ်(၁)သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်ဆန်း၊ အမှတ်(၂) သတ္တုတွင်းလုပ်ငန်း ခေတ္တဦးဆောင် ညွှန်ကြားရေးမှူး ဦးသံဒိုင်တို့နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) အဖွဲ့မှ အထွေထွေ အတွင်းရေးမှူးချုပ် ဖဒိုစောကွယ်ထူးဝင်း၊ အတွင်းရေးမှူး(၂) ဖဒိုစောမန်းမန်း၊ ဗဟိုကော်မတီဝင် များဖြစ်ကြသော ဖဒိုစောရော်ဂျာခင်၊ ဖဒိုမန်းညိမ်းမောင်နှင့် ဖဒိုစောလှထွန်းတို့ တက်ရောက်ခဲ့ကြပါသည်။ ယင်းသို့တွေ့ဆုံရာ၌ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တိုင်းရင်းသားအားလုံး တန်းတူညီမျှ အတူတကွခံစားနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန်အတွက် ရင်းနှီးခင်မင်စွာဆွေးနွေးခဲ့ကြပါသည်။