Tel: 067409019 | Mail: messenger@e-mining.gov.mm



     မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ် ပထမအကြိမ် သင်းလုံးကျွတ်နှစ်ပတ်လည် အသင်းသား စုံညီအစည်းအဝေးကို နေပြည်တော်သတ္တုတွင်းဝန်ကြီးဌာန၊ သီရိရတနာခန်းမတွင် (၁၆.၆.၂၀၁၄)ရက်နေ့ နေ့လည် (၁၄း၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ သတ္တုတွင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်အောင် တက်ရောက်၍အဖွင့်အမှာစကားပြောကြားပါသည်။ အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းထွန်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးဝင်းမြင့်၊ ပြည်သူ့လွှတ်တော် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးလွန်းသီ၊ အမျိုးသားလွှတ်တော် သတ္တုနှင့်သယံဇာတရေးရာကော်မတီ ဥက္ကဋ္ဌ ဦးနေဝင်းထွန်း၊ သတ္တုတွင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းထွန်းအောင်၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစန်းလွင်၊ တိုင်းဒေသကြီး/ပြည်နယ်များမှ သစ်တော/သတ္တု ဝန်ကြီးများ၊ မြန်မာနိုင်ငံသတ္တုတွင်း လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးမောင်ကိုနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ သတ္တုတူးဖော် ထုတ်လုပ်လျက်ရှိသော လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။

            အခမ်းအနားတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းမှ အမှာစကားပြောကြားပြီး  မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များ အသင်းချုပ်မှ ၂၀၁၄-၂၀၁၅ ခုနှစ်၊ အသင်းချုပ်၏ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်မှု တာဝန်ပေးအပ် အတည်ပြုခြင်းနှင့် ဗဟိုကော်မတီဝင် ထပ်မံခန့်အပ် တာဝန်ပေးအပ်ခြင်းအားအထွေထွေအတွင်းရေးမှူးမှ ရှင်းလင်းတင်ပြပါသည်။ ထို့နောက် မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင် များအသင်းချုပ် ဥက္ကဋ္ဌမှ အမှာစကားပြောကြားပါသည်။ ပြီးနောက် ၂၀၁၃-၂၀၁၄ ခုနှစ်၊ မြန်မာနိုင်ငံ သတ္တု လုပ်ငန်းရှင်များအသင်းချုပ်၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများ တင်ပြခြင်းနှင့် ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအားတင်ပြခြင်း၊ တက်ရောက်လာကြသော သတ္တုလုပ်ငန်း ရှင်များမှဆွေးနွေးတင်ပြခြင်း၊ မှတ်တမ်းတင်ခြင်း၊ သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ ရှင်းလင်းတင်ပြခြင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တက်ရောက်လာသည့် သစ်တော/သတ္တုဝန်ကြီး များမှ ဆွေးနွေးပြောကြားခြင်း တို့ပြုလုပ်ကြပါသည်။

            ထို့နောက် သတ္တုတွင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းထွန်းအောင်မှ နိဂုံးချုပ်အမှာစကား ပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။