Tel: 067409019 | Mail: messenger@e-mining.gov.mm
y

သတင်းစဉ်၊ နေပြည်တော် (၁၂.၆.၂၀၁၅)
သတ္တုတွင်းဝန်ကြီးဌာနနှင့် စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ ပူးပေါင်းကျင်းပသည့် သတ္တုတွင်းလုပ်ငန်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်၊ ရုံးအမှတ် (၁၉)၊ သတ္တုတွင်းဝန်ကြီးဌာန၊ သီရိရတနာခန်းမ၌ ၂၀၁၅ ခုနှစ်၊ ဇွန်လ (၁၂)ရက် နေ့ နံနက် (၀၉:၀၀)နာရီအချိန် တွင် ကျင်းပပြုလုပ်ရာ သတ္တုတွင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းထွန်းအောင်တက်ရောက်၍ အဖွင့်အမှာ စကား ပြောကြားပါသည်။
အဆိုပါ အခမ်းအနားသို့ သတ္တုတွင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန/ လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့မှ ဌာနဆိုင်ရာ အရာရှိများ၊ စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဦးဝင်းမျိုးသူနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များ အသင်းတို့မှ တာဝန်ရှိသူများ၊ သတ္တုတွင်းဝန်ကြီးဌာနနှင့် ထုတ်လုပ်မှုအပေါ် ခွဲဝေမှု အချိုးဖြင့် အကျိုးတူ တူးဖော်ဆောင်ရွက်နေကြသော ကုမ္ပဏီများမှ လုပ်ငန်းရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူများ စုစုပေါင်း (၂၉၈)ဦး တက်ရောက်ကြပါသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာ၌ ယနေ့အခမ်းအနား ဖြစ်မြောက် ရေးအတွက် လက်တွဲဆောင်ရွက်ခဲ့သည့် စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ တာဝန်ရှိသူများအား ကျေးဇူးတင်ရှိပါကြောင်း၊ ယနေ့ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ ဝန်ကြီးဌာနနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိသော သတ္တုတွင်းလုပ်ငန်းရှင်များအား ဝန်ကြီးဌာနအပါအဝင် နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲ ရေးဆောင်ရွက်နေမှုများ၊ သတ္တုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများအား အသိပေးလိုခြင်းနှင့် ပြဌာန်း ထားသော သတ္တုတွင်းဥပဒေဆိုင်ရာ လိုက်နာရမည့် အချက်အလက်များ သိရှိစေရန်၊ တည်ဆဲပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေဆိုင်ရာ သိကောင်းစရာများ ပိုမိုသိရှိနိုင်စေရန်၊ မြန်မာနိုင်ငံမှ လက်ရှိ ဆောင်ရွက်နေသည့် EITI ဆိုင်ရာ သိကောင်းစရာများနှင့် အရပ်ဖက်အဖွဲ့အစည်းများကြား အပြုသဘော ဆောင်သော ဆက်ဆံရေး တည်ဆောက်ရန်နှင့် ပူးပေါင်းဆောင်ရွက်နိုင်သည်များကို ဆွေးနွေးကြနိုင်စေဖို့ ဖြစ်ကြောင်းဖြင့် ပြောကြား ပါသည်။ ထို့နောက် စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဦးဝင်းမျိုးသူ၊ သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးကျော်ဆန်းနိုင်၊ စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဒေါက်တာရာမောင်၊ ဦးသီဟထွန်းတို့မှ ဆွေးနွေးတင်ပြကြပါသည်။ ထို့နောက် နေ့လည်ပိုင်းတွင် အုပ်စု(၃)စုခွဲ၍ အုပ်စုလိုက် ဆွေးနွေးကြပါသည်။ ပြီးနောက် ဒုတိယဝန်ကြီးမှ နိဂုံးချုပ် အမှာစကား ပြောကြားပြီး စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကာ ညနေပိုင်းတွင် အခမ်းအနားကို ရုတ်သိမ်း လိုက်ကြောင်း သတင်းရရှိပါသည်။
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm