Tel: 067409019 | Mail: messenger@e-mining.gov.mm



 

 

သတင်းစဉ်၊ နေပြည်တော်(၂.၁၂.၂၀၁၄)

          Seminar in Myanmar for International Networking for Coal Industry Activation 2014 ဆွေးနွေးပွဲကို နေပြည်တော် Royal ACE ဟိုတယ်၌ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ (၂)ရက်နေ့ နံနက် (၀၉:၃၀)နာရီ အချိန်တွင် ကျင်းပရာ သတ္တုတွင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်အောင် တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားပါသည်။

          အခမ်းအနားသို့ သတ္တုတွင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းထွန်းအောင်၊ ကိုရီးယား နိုင်ငံ၊ MIRECO  မှ Mr. Choi Seung Jin ၊ Korea Coal Corporation မှ Mr. Seok Keun Woo ၊ Korea Midland Power Corporation မှ Mr. Song Da Hye ၊ Korea Institute of Geosience and Mineral Resources မှ Mr. Kim Byoung Gon ၊ သတ္တုတွင်းဝန်ကြီးဌာန၊ လက်အောက်ရှိ ဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး များနှင့် ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသူများ၊ ဧည့်သည်တော်များ တက်ရောက် ကြပါသည်။

          အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကား ပြောကြားရာ၌ " ကိုရီးယား နိုင်ငံ၊ သတ္တုတွင်းများ ပြန်လည်ထူထောင်ရေးကော်ပိုရေးရှင်း (MIRECO)နှင့် မြန်မာနိုင်ငံ သတ္တုတွင်းဝန်ကြီးဌာနတို့အကြား Mine Reclamation ဆိုင်ရာ ကိစ္စရပ်များ ပူးပေါင်း ဆောင်ရွက်မှု ဆွေးနွေးပွဲ ကျင်းပနိုင်ခြင်းအတွက် လွန်စွာ ကောင်းမွန်ပါကြောင်း၊ ယနေ့ ဆွေးနွေးပွဲတွင် ကျောက်မီးသွေးကဏ္ဍနှင့် စပ်လျဉ်း၍ သုံးသပ်နိုင်ရန်၊ စွမ်းအင်လုံခြုံမှုနှင့် စွမ်းအင်လိုအပ်ချက် ပြည့်ဝစေရန်၊ ကျောက်မီးသွေး အသုံးပြုမှုကြောင့် ပတ်ဝန်းကျင်ထိခိုက်စေခြင်းနှင့် ဖန်လုံအိမ် အာနိသင် ဖြစ်ပေါ်မှုတို့ကို လျော့ကျစေ၍ အပြန်အလှန် အကျိုးရှိစေသော ဆက်သွယ်မှုတစ်ရပ် ထူထောင်နိုင်ရန်၊ မြန်မာ့သတ္တုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပါကြောင်း၊ ဆွေးနွေးပွဲအား အကြောင်းပြု၍ တက်ရောက်လာ သူများအကြား Network တစ်ခု ထူထောင်သွားရန်နှင့် နိုင်ငံတကာ၏ သတ္တုကဏ္ဍ အင်အား တောင့်တင်းလာစေရန် မျှော်လင့်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ပြည်သူ့အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်မြင့်မား စေရေးအတွက် လုပ်ငန်း ကဏ္ဍအလိုက် မဟာဗျူဟာ လုပ်ငန်းစဉ်များ ချမှတ်ရေးဆွဲ ဆောင်ရွက်နေသည့်ကာလ ဖြစ်ပါကြောင်း၊ ကိုရီးယား နိုင်ငံနှင့် မြန်မာနိုင်ငံအကြား သတ္တုကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ပါစေကြောင်းဖြင့် " ပြောကြားပါသည်။ ထို့နောက် MIRECO မှ Mr. Choi Seung Jin က ဆွေးနွေးပွဲအစီအစဉ်နှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားပြီး အစီအစဉ်အတိုင်း ဆက်လက်ကျင်းပပါသည်။ အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာ သူများမှ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။