Tel: 067409019 | Mail: messenger@e-mining.gov.mm

သတင်းစဉ်၊ နေပြည်တော် (၁၆.၉.၂၀၁၅)
သတ္တုတွင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်အောင်အား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Pisanu Suvanajata နှင့် ထိုင်းနိုင်ငံရှိ SCG Cement & Building Materials Co ., Ltd. မှ SCG Country Director ဖြစ်သူ Mr. Chana Poomee တို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့ နံနက် (၁၀:၀၀)နာရီ အချိန်တွင် သတ္တုတွင်း ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံ၍ ရေဘေးအလွန် ပြန်လည်ထူထောင်ရေးတွင် နေအိမ်နှင့် အခြားအဆောက်အဦများ ဆောက်လုပ်ရန် ပစ္စည်းတန်ဖိုး အမေရိကန်ဒေါ်လာ (၃၂၀၀၀)နှင့် ငွေသား အမေရိကန်ဒေါ်လာ(၂၈၀၀၀)တို့အားလှူဒါန်းခဲ့ရာ သတ္တုတွင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်အောင်နှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးစိုးကြည်တို့မှ လက်ခံရယူခဲ့ပါသည်။
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm