Tel: 067409019 | Mail: messenger@e-mining.gov.mm



 

 

 

သတင်းစဉ်၊နေပြည်တော် (၂၂.၉.၂၀၁၅)

သတ္တုတွင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်အောင်အား ဂျပန်နိုင်ငံ၊ ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၊ ဝန်ကြီးဟောင်းနှင့် အထက်လွှတ်တော် အမတ်ဟောင်း၊ ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဌ  H.E. Mr. Hideo WATANABE သည် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ(၂၂)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီ အချိန်တွင် နေပြည်တော်ရှိ သတ္တုတွင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမသို့ လာရောက် ဂါရဝပြု တွေ့ဆုံခဲ့ပါသည်။

 ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ သတ္တုတွင်းဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဌေးအောင်၊ သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန် နှင့် ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်  ဦးကျော်ဒင်တို့ တက်​ရောက်ခဲ့ကြပါသည်။