Tel: 067409019 | Mail: messenger@e-mining.gov.mm



 

 

 

သတင်းစဉ်၊ နေပြည်တော် (၇.၁၀.၂၀၁၅)

          သတ္တုတွင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်အောင်အား ထိုင်းနိုင်ငံ၊ Titan Mining Coporation ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ Mr. Thiraphat Sajakul ဦးဆောင်သောအဖွဲ့သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့၊ နံနက် (၀၉:၃၀)နာရီ အချိန်တွင် နေပြည်တော်ရှိ သတ္တုတွင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံ နှုတ်ဆက်၍ မြန်မာနိုင်ငံ၏ သတ္တုကဏ္ဍဖွံ့ဖြိုးရေးနှင့် ရင်းနှီးမြုပ်နှံရေးလုပ်ငန်းများကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။

 ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပြီး ၎င်းကုမ္ပဏီမှ ရေဘေးအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အတွက် လှူဒါန်းငွေ ကျပ်(၅၀)သိန်းနှင့် Asia Mining Co.Ltd (Australia)မှ အမေရိကန်ဒေါ်လာ (၁၀၀၀)(US$ 1000) ပေးအပ် လှူဒါန်းရာ သတ္တုတွင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်အောင်နှင့် လူမှုဝန်ထမ်း ကယ်ဆယ်​ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်တို့မှ လက်ခံရယူခဲ့ပါသည်။