Tel: 067409019 | Mail: messenger@e-mining.gov.mm



 

 

 

သတင်းစဥ်၊ နေပြည်တော် (၁.၄.၂၀၁၆)

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ၂၀၁၆ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့ နေ့လည် (၁၁၀၀)နာရီ အချိန် ရုံးအမှတ် (၁၉)၊ သီရိရတနာခန်းမ၌ ဝန်ကြီးဌာနလက်အောက်ရှိ သတ္တုတွင်းဦးစီးဌာန၊ ဘူမိဗေဒလေ့လာရေးနှင့် ဓါတ်သတ္တုရှာဖွေရေးဦးစီးဌာန၊ အမှတ်(၁)သတ္တုတွင်းလုပ်ငန်း၊ အမှတ်(၂) သတ္တုတွင်းလုပ်ငန်း၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းတို့မှ  အရာထမ်း (၁၅၈) ဦးနှင့် တွေ့ဆုံ၍ ပြည်သူ့ ဝန်ထမ်းများသည် ရိုးသားကြိုးစားမှုရှိရန် လိုအပ်ကြောင်း၊ ပွင့်လင်းမြင်သာမှု ရှိရန်ဖြစ်ကြောင်း၊  ပြည်သူ့အပေါ် ကူညီယိုင်းပင်းရန်ဖြစ်ကြောင်း၊  အလုပ်လုပ်သူကို အသိအမှတ်ပြုရန် ဖြစ်ကြောင်း နှင့် လာဘ်ပေး လာဘ်ယူမှု ကင်းရှင်းရန် ဖြစ်ကြောင်း တို့ကို ပြောကြားပါသည်။

 

           ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ယင်းနေ့(၁၅၀၀)နာရီချိန်၌ နေပြည်တော် မြန်မာ့ကျောက်မျက်ရတနာပြတိုက်နှင့် ရုံးသို့ ရောက်ရှိပြီး ဘူမိဗေဒ လေ့လာရေးနှင့် ဓါတ်သတ္တု ရှာဖွေရေးဦးစီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းတို့မှ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။ ပြီးနောက် မြန်မာ့ကျောက်မျက်ရတနာပြတိုက်အား လှည့်လည် ကြည့်ရှုစစ်ဆေး၍ လုံခြုံရေးဂရုပြုရေး၊ မီးဘေးလုံခြုံရေး အထူးဂရုပြုရေးတို့ကို မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။