ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမှတ်(၁)သတ္တုတွင်းလုပ်ငန်း
ဝန်ထမ်းလျှောက်လွှာခေါ်ယူခြင်း
၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊အမှတ်(၁)သတ္တုတွင်း လုပ်ငန်းတွင်လစ်လပ်လျက်ရှိသော (လစာနှုန်း၊၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ) အောက်ဖော်ပြပါ အမှုထမ်းရာထူး(၃၀)နေရာများအတွက် လျှောက်လွှာခေါ်ယူခြင်းဖြစ်ပါသည်-
စဉ် | ရာထူး | ရာထူးနေရာ | အနိမ့်ဆုံးပညာအရည်အချင်း |
(က) | သတ္တုတွင်းလက်ထောက်(၂) | ၁၃ | B.E (Mining) |
( ခ) | သတ္တုဗေဒလက်ထောက်(၂) | ၁၀ | B.E(Metallurgy) |
( ဂ) | စာရင်းကိုင်(၂) | ၅ | B.Com,B.Act,B.Econ,B.BSc. (Applied Statistics) |
(ဃ) | ဘူမိဗေဒလက်ထောက်(၂) | ၂ | B.Sc(Geology) |
၂။ အထက်ဖော်ပြပါ ရာထူးနေရာများအတွက် လျှောက်ထားသူများသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
( ခ ) ၂၀၂၃ ခုနှစ်၊ဇန်နဝါရီလ(၃၁)ရက်နေ့တွင် အသက်(၁၈)နှစ်ပြည့်ပြီး အသက် (၃၀)နှစ် မကျော်လွန်သူဖြစ်ရမည်။ ဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ် မကျော်လွန်သူဖြစ်ပြီး လက်ရှိဌာန၏ ခွင့်ပြုချက် မူရင်းပါရှိရမည်။
( ဂ ) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
(ဃ) ဌာနတွင်အနည်းဆုံး လုပ်သက်တစ်ဆက်တည်း(၃)နှစ် တာဝန်ထမ်းဆောင် ရန် ဝန်ခံကတိပြု လက်မှတ်ရေးထိုးရမည်။
( င ) ရွေးချယ်ခန့်ထားခြင်းခံရပါက နေရာဒေသမရွေး သွားရောက် တာဝန်ထမ်း ဆောင်နိုင်ရမည်။
(စ ) အခြားဝန်ထမ်းအဖွဲ့အစည်းများမှ လျှောက်ထားသူများသည် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူး၏ ခွင့်ပြုချက်ဖြင့် လျှောက်ထား ရမည်။
(ဆ) အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်း(Dismissal)၊ရာထူးမှ
ထုတ်ပယ်(Removal)ခံရသူများလျှောက်ထားခွင့်မရှိပါ။
၃။ လျှောက်လွှာတွင် အောက်ဖော်ပြပါအချက်များကို ပြည့်စုံစွာ ဖော်ပြရမည်-
(က) အမည်၊
( ခ ) နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊
( ဂ ) မွေးသက္ကရာဇ်၊ အသက် ၊
(ဃ) လူမျိုးနှင့်ကိုးကွယ်သည့်ဘာသာ၊
( င ) ပညာအရည်အချင်း၊ အောင်မြင်သည့်ခုနှစ်နှင့် အောင်မြင်ခဲ့သည့်ကျောင်း၊ တက္ကသိုလ်၊
( စ ) လျှောက်ထားလိုသည့်ရာထူး၊
( ဆ ) မိဘအမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်အမှတ်နှင့်၎င်းတို့၏အလုပ်အကိုင်၊
( ဇ ) ဝန်ထမ်းဖြစ်လျှင် အလုပ်အကိုင်နှင့်ဌာန၊
( ဈ ) ဝန်ထမ်းမဟုတ်လျှင် အလုပ်သမားမှတ်ပုံတင်အမှတ်၊
( ည) ဆက်သွယ်ရန်လိပ်စာအပြည့်အစုံ၊ ဖုန်းနံပါတ်နှင့် E-mail ၊
( ဋ ) အမြဲတမ်းနေရပ်လိပ်စာအပြည့်အစုံတို့ကိုဖော်ပြရမည်။
၄။ လျှောက်လွှာပုံစံနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲပါရှိရမည်-
(က) ဘွဲ့လက်မှတ်မိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်း လက်မှတ်ရေးထိုးရန်)၊
( ခ) တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်း လက်မှတ် ရေးထိုးရန်)၊
( ဂ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုး ရန်)၊
(ဃ) လျှောက်လွှာပိတ်ရက်မတိုင်မီ (၁)လအတွင်းရယူထားသည့် စာရိတ္တ ကောင်းမွန်ကြောင်းနှင့် ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံချက်မူရင်း၊
( င ) သက်ဆိုင်ရာရဲစခန်းမှ (၁)လအတွင်း ရယူထားသည့် ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်မူရင်း၊
( စ ) အလုပ်သမားမှတ်ပုံတင်ကတ်မိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေး ထိုးရန်)၊
(ဆ) (၁)လအတွင်း ရိုက်ကူးထားသည့် ပတ်စ်ပို့အရွယ် ကာလာဓာတ်ပုံ (၃)ပုံ (ဓာတ်ပုံနောက်ကျောတွင် အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ရေးသားရန်)၊
( ဇ ) အခြားကျွမ်းကျင်မှုနှင့် လုပ်ငန်းအတွေ့အကြုံရှိပါက ခိုင်လုံသော အထောက် အထားမိတ္တူများ၊
( ဈ) သက်ဆိုင်ရာ ပြည်သူ့ဆေးရုံများမှ (၁)လအတွင်း ရယူထားသော ကျန်းမာ ကြောင်း ဆေးထောက်ခံချက်မူရင်း၊
(ည) အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ( ၆၆/ ၆) မိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်း လက်မှတ်ရေးထိုးရန်)။
အမှတ်(၁)သတ္တုတွင်းလုပ်ငန်း
လျောက်လွှာဖောင်အား download ရယူနိုင်ပါသည်။