ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း
ဝန်ထမ်းလျှောက်လွှာခေါ်ယူခြင်း
၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းတွင် လစ်လပ်လျှက်ရှိသော အောက်ဖော်ပြပါအမှုထမ်းရာထူး (၃)နေရာအတွက် လျှောက်လွှာခေါ်ယူခြင်းဖြစ်ပါသည်-
စဉ် | ရာထူး | ရာထူးနေရာ | အနိမ့်ဆုံးပညာအရည်အချင်း |
(က) | ဘူမိဗေဒလက်ထောက်(၂) (၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ) | (၃)နေရာ | B.E(Mining) |
၂။ အထက်ဖော်ပြပါ ရာထူးနေရာများအတွက် လျှောက်ထားသူများသည်-
(က) ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ရမည်၊
( ခ) ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၃၁)ရက်နေ့တွင် အသက်(၁၈)နှစ်ပြည့်ပြီး အသက်(၃၀) နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။ဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ်မကျော် လွန်သူဖြစ်ပြီး လက်ရှိဌာန၏ ခွင့်ပြုချက်မူရင်းပါရှှိရမည်၊
(ဂ) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်၊
(ဃ) ဌာနတွင် အနည်းဆုံးလုပ်သက် တစ်ဆက်တည်း(၃)နှစ် တာဝန်ထမ်းဆောင်ရန် ဝန်ခံကတိပြု လက်မှတ်ရေးထိုးရမည်၊
( င) ရွေးချယ်ခန့်အပ်ခြင်းခံရပါကနေရာဒေသမရွေးသွားရောက်တာဝန်ထမ်းဆောင်
နိုင်ရမည်၊
(စ) အခြားဝန်ထမ်းအဖွဲ့အစည်းများမှလျှောက်ထားသူများသည်သက်ဆိုင်ရာဝန်ကြီး ဌာနနှင့်အဖွဲ့အစည်းအကြီးအမှူး၏ခွင့်ပြုချက်ဖြင့် လျှောက်ထားရမည်၊
(ဆ) အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း(Dismissal)၊ ရာထူးမှ ထုတ်ပယ် (Removal)ခံရသူများ လျှောက်ထားခွင့်မရှိပါ။
၃။ လျှောက်လွှာတွင် အောက်ဖော်ပြပါအချက်များကို ပြည့်စုံစွာ ဖော်ပြရမည်-
(က) အမည်၊
(ခ) နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊
(ဂ) မွေးသက္ကရာဇ်၊အသက်၊
(ဃ) လူမျိုးနှင့်ကိုးကွယ်သည့်ဘာသာ၊
(င) ပညာအရည်အချင်း၊ အောင်မြင်သည့်ခုနှစ်နှင့် အောင်မြင်ခဲ့သည့် ကျောင်း၊
တက္ကသိုလ်၊
( စ) လျှောက်ထားလိုသည့်ရာထူး၊
(ဆ) မိဘအမည်နှင့်နိုင်ငံသားစိစစ်ရေးကတ်အမှတ်နှင့်၎င်းတို့၏အလုပ်အကိုင်၊
(ဇ) ဝန်ထမ်းဖြစ်လျှင် အလုပ်အကိုင်နှင့်ဌာန၊
(ဈ) ဝန်ထမ်းမဟုတ်လျှင် အလုပ်သမားမှတ်ပုံတင်အမှတ်၊
(ည) ဆက်သွယ်ရန် နေရပ်လိပ်စာအပြည့်အစုံ၊ဖုန်းနံပါတ်နှင့် E-mail ။
၄။ လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲပါရှိရမည်-
(က) ဘွဲ့လက်မှတ်မိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)၊
(ခ) တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)၊
(ဂ) နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ(မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုး ရန်)
(ဃ) လျှောက်လွှာပိတ်ရက်မတိုင်မီ(၁)လအတွင်းရယူထားသည့် စာရိတ္တကောင်းမွန်ကြောင်းနှင့်သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံချက်မူရင်း၊
(င) သက်ဆိုင်ရာရဲစခန်းမှ(၁)လအတွင်း ရယူထားသည့် ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်မူရင်း၊
(စ) အလုပ်သမားမှတ်ပုံတင်ကတ်မိတ္တူ(မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)၊
(ဆ) (၁)လအတွင်း ရိုက်ကူးထားသည့် ပတ်စ်ပို့အရွယ်ကာလာဓာတ်ပုံ(၃)ပုံ (ဓာတ်ပုံနောက်ကျောတွင်အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ရေးသားရန်)၊
(ဇ) အခြားကျွမ်းကျင်မှုနှင့် လုပ်ငန်းအတွေ့အကြုံရှိပါက ခိုင်လုံသောအထောက် အထောက်အထားမိတ္တူများ၊
(ဈ) သက်ဆိုင်ရာပြည်သူ့ဆေးရုံများမှ(၁)လအတွင်းရယူထားသော ကျန်းမာကြောင်း ဆေးထောက်ခံချက်မူရင်း၊
(ည) အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)မိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်း လက်မှတ်ရေးထိုးရန်)။
၆။ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက လျှောက်လွှာပုံစံ(၁)စုံအား သက်ဆိုင်ရာဝန်ကြီးဌာန/ အဖွဲ့အစည်း၏ ခွင့်ပြုချက်ဖြင့် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းသို့ ပေးပို့လျှောက်ထား ရမည်။
၇။ ဖြေဆိုခွင့် ရရှိသူ အမည်စာရင်းနှင့် ခုံအမှတ်တို့ကို မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ www.mge.gov.mm နှင့် ဌာနကြော်ငြာသင်ပုန်းတွင် ကြေညာ ပေးထားမည်ဖြစ်သည်။
၈။ လျှောက်ထားသူများသည် မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ ဘာသာရပ် မေးခွန်းမျာ ကို(၁၁.၂.၂၀၂၃)ရက်နေ့နံနက်(၀၉:၀၀)နာရီမှနေ့လယ်(၁၄:၃၀)နာရီထိ ရေးဖြေ စာမေးပွဲစစ်ဆေးမည်ဖြစ်ပြီး ရေးဖြေစာမေးပွဲအောင်မြင်သူကိုသာ လူတွေ့နှုတ်ဖြေ စစ်ဆေးမှု ပြုလုပ်မည် ဖြစ်ပါသည်။
၉။ ဖြေဆိုခွင့်ကတ်ပြားများကို (၁၀.၂.၂၀၂၃)ရက်နေ့၌ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊စီမံဌာနတွင် ရုံးချိန်အတွင်း လူကိုယ်တိုင်လာရောက်ထုတ်ယူရမည် ဖြစ်ပါသည်။
၁၀။ သတ်မှတ်ရက်ထက် နောက်ကျမှရောက်လာသော လျှောက်လွှာများ၊ အရည်အချင်း သတ်မှတ်ချက်နှင့်မကိုက်ညီသူများ၊ပူးတွဲတင်ပြရမည့်စာရွက်စာတမ်းများအထောက်အထား မပြည့်စုံသော လျှောက်လွှာများ မှားယွင်းဖြည့်သွင်းထားသော လျှောက်လွှာများအားပယ်ဖျက်ပါမည်။
၁၁။ ရေးဖြေစာမေးပွဲဖြေဆိုရာတွင် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်(မူရင်း) ၊ ဘွဲ့လက်မှတ်(မူရင်း)များပါရှိရမည်ဖြစ်ပြီး၊ မပါရှိပါက စာမေးပွဲဖြေဆိုခွင့် ရမည်မဟုတ်ပါ။
၁၂။ အသေးစိတ်သိလိုပါက တယ်လီဖုန်းအမှတ် ၊ ၀၆၇ – ၄၁၄၈၁၈ သို့ ရုံးချိန်အတွင်းဆက်သွယ် စုံစမ်းနိုင်ပါသည်။
မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း
လျောက်လွှာဖောင်အား download ရယူနိုင်ပါသည်။