အိတ်ဖွင့်တင်ဒါအမှတ် (၁/၂၀၂၃-၂၀၂၄)ဖြင့် တင်ဒါခေါ်ယူခြင်း

အိတ်ဖွင့်တင်ဒါအမှတ် (၁/၂၀၂၃-၂၀၂၄)ဖြင့် တင်ဒါခေါ်ယူခြင်း

၁။      သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာနမှ မုံရွာ၊ Mine Site ရှိ ကက်သုတ်ကြေးနီ (၂၀၀)မက်ထရစ်တန်အား (၁၀)မက်ထရစ်တန် (20)Lots ခွဲ၍ ပြည်တွင်းရှိ ကြေးနီကုန်ကြမ်းသုံး စက်မှုလက်မှုလုပ်ငန်းရှင်များသို့ “မြန်မာကျပ်ငွေ”ဖြင့် အိတ်ဖွင့်တင်ဒါ ခေါ်ယူရောင်းချမည် ဖြစ်ပါသည်။

၂။       ကက်သုတ်ကြေးနီ၏ ကြမ်းခင်းဈေးနှုန်းမှာ တင်ဒါဖွင့်သည့် နေ့တွင်ရှိမည့် ကမ္ဘာ့သတ္တု ပေါက်ဈေးနှုန်း (London Metal Exchange-LME)ပါ ကက်သုတ်ကြေးနီ တစ်မက်ထရစ်တန်ဈေးနှုန်း (Unknown Price)အပေါ်တွင် အခြေခံ၍ သတ်မှတ်မည်ဖြစ်ပါသည်။ အဆိုပြုဈေးနှုန်းအား (LME + Premium) ဖြင့် ဖော်ပြရာတွင် အမေရိကန်ဒေါ်လာဖြင့် ရေးသားဖော်ပြရမည်ဖြစ်ပြီး Premium ကြေး အများဆုံး ပေးသွင်းနိုင်သည့် အဆိုပြုတင်သွင်းသူကို တင်ဒါအောင်မြင်သူအဖြစ် သတ်မှတ်မည် ဖြစ်ပါသည်။ တင်ဒါအောင်မြင်သည့် ကက်သုတ်ကြေးနီတန်ဖိုးငွေ ပေးချေရာတွင် အမေရိကန်ဒေါ်လာ ဈေးနှုန်းအပေါ် တင်ဒါဖွင့်ဖောက်သည့်နေ့ရက်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်သည့် Bank –Customer Dealing / Interbank Dealing တို့၏ ပျမ်းမျှငွေလဲလှယ်နှုန်းအနက် များရာဖြင့် တန်ဖိုးသင့် တွက်ချက်၍ “မြန်မာကျပ်ငွေ”ဖြင့် ပေးချေရမည်ဖြစ်ပါသည်။

၃။      သယ်ဆောင်စရိတ်များအတွက် ကျသင့်ငွေများကို ကြေးနီကုန်ကြမ်းသုံးစက်မှုလက်မှု လုပ်ငန်းရှင် များမှ မိမိတို့ အစီအစဉ်ဖြင့် ကျခံဆောင်ရွက်ရမည်ဖြစ်ပါသည်။

၄။      တင်ဒါပိတ်မည့် နေ့ရက်နှင့် အချိန်မှာ   ၂၇ – ၁၂ -၂၀၂၃ ရက်နေ့၊ မွန်းလွဲ (၁၄:၀၀)နာရီဖြစ်ပြီး ယင်းနေ့ ညနေ (၁၅:၀၀)  နာရီအချိန်တွင် အိတ်ဖွင့်တင်ဒါများ ဖွင့်ဖောက်မည်ဖြစ်ပါသည်။

၅။      အသေးစိတ်သိရှိလိုသော အချက်အလက်များရှိပါက ဓာတ်သတ္တုဖွံ့ဖြိုးရေးဌာနခွဲ၊ သတ္တုတွင်း ဦးစီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ၀၆၇- ၃၄၀၉၃၇၈ နှင့် ၀၆၇- ၃၄၀၉၃၇၂ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

တင်ဒါကော်မတီ

Loading

Admin

Admin

Top