သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ရုံးအမှတ်-၁၉ ၏ ၉/၂၀၂၄ ကြိမ်မြောက် ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲကို ၆-၁၂-၂၀၂၄ ရက်နေ့ နံနက် ၀၉:၄၅ နာရီ အချိန်တွင် နေပြည်တော် ရုံးအမှတ်-၁၉ ရှိ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။
အခမ်းအနားသို့ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် လက်ထောက်အတွင်းဝန်များ၊ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း ၁၀၂ ဦး တက်ရောက်ကြပါသည်။
ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးရုံး၊ စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲမှ အကြီးတန်းစာရေး ဒေါ်သက်ထားစု က “လက်ရှိဘဝကို တန်ဖိုးထားပါ” ခေါင်းစဉ်ဖြင့် ဦးစွာ တင်ပြ ဆွေးနွေးပြီး ဒုတိယဦးစီးမှူး ဦးသူရအောင် က “လက်ရှိဘဝကို တန်ဖိုးထားပါ” ခေါင်းစဉ်ဖြင့် ဆွေးနွေး တင်ပြမှု အပေါ် ထောက်ခံဆွေးနွေးတင်ပြပါသည်။ ၎င်းနောက် ပြည်တွင်း/ ပြည်ပဆက်ဆံရေးနှင့် သတင်း ပြန်ကြားရေး ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မောင်စံ က “လက်ရှိဘဝကို တန်ဖိုးထားပါ” ခေါင်းစဉ် ဖြင့် ဆွေးနွေးတင်ပြမှုနှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေး တင်ပြခဲ့ပြီး စီမံကိန်းနှင့်စာရင်းအင်းဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်အောင်မိုး က ထပ်မံဖြည့်စွက် ဆွေးနွေး တင်ပြပါသည်။ ထို့နောက် မူဝါဒ၊ ဥပဒေလုပ်ထုံးလုပ်နည်းစိစစ်ရေးနှင့်လုပ်ငန်းစစ်ဆေးရေးဌာနခွဲမှ လက်ထောက်အတွင်းဝန် ဦးမျိုးမြင့်သိန်း၊ စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲမှ လက်ထောက်အတွင်းဝန် ဦးမြတ်သူ၊ ဝန်ကြီးဌာနတွင်းစာရင်းစစ်နှင့် ဘဏ္ဍာရေးဌာနခွဲမှ လက်ထောက်အတွင်းဝန် ဒေါ်နီလာဇင်၊ ပြည်တွင်း/ ပြည်ပဆက်ဆံရေးနှင့် သတင်း ပြန်ကြားရေး ဌာနခွဲမှ လက်ထောက်အတွင်းဝန် ဦးဇော်အောင်၊ အုပ်ချုပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု ဌာနခွဲမှ လက်ထောက်အတွင်းဝန် ဦးစိုးနိုင် တို့က ဌာနခွဲများအလိုက် အုပ်ချုပ်မှုကိစ္စရပ်များ တင်ပြဆွေးနွေး ပါသည်။
ပြီးနောက် ဒုတိယဝန်ကြီး က တင်ပြဆွေးနွေးမှုများ အပေါ် လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရ ပါသည်။