သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး ရုံးအမှတ်-၁၉ ၏ ၁/၂၀၂၅ ကြိမ်မြောက် ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲ ကျင်းပ (၁၃-၁-၂၀၂၅)

        သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ရုံးအမှတ်-၁၉ ၏ ၁/၂၀၂၅ ကြိမ်မြောက် ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲကို ယနေ့ နံနက် ၀၉:၄၅ နာရီ အချိန်တွင် နေပြည်တော် ရုံးအမှတ်-၁၉ ရှိ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။

          အခမ်းအနားသို့ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးတင်လတ်စိုးနှင့် လက်ထောက်အတွင်းဝန်များ၊ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း ၁၀၅ ဦး တက်ရောက်ကြပါသည်။

        ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးရုံး၊ ဝန်ကြီးဌာနတွင်းစာရင်းစစ်နှင့် ဘဏ္ဍာရေး ဌာနခွဲမှ ရုံးအကူ ဒေါ်ထက်စုမင်း က “စာဖတ်ခြင်းနှင့် စာဖတ်ခြင်းအကျိုးကျေးဇူးများ” ခေါင်းစဉ်ဖြင့် ဦးစွာ တင်ပြဆွေးနွေးပြီး ၎င်းဌာနခွဲမှ လက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူး  ဒေါ်သက်ဦးမေ က “စာဖတ် ခြင်းနှင့် စာဖတ်ခြင်းအကျိုးကျေးဇူးများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြမှုအပေါ် ထောက်ခံဆွေးနွေးတင်ပြ ပါသည်။ ထို့နောက်  စီမံကိန်းနှင့်စာရင်းအင်းဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်အောင်မိုး က စာဖတ်ခြင်းကို အားပေးကြောင်း၊ စာပေသည် အလွန်ယဉ်ကျေးသိမ်မွေ့နူးညံ့ပါကြောင်း ဖြည့်စွက်ဆွေးနွေးတင်ပြပါသည်။ ပြီးနောက်မူဝါဒ၊ ဥပဒေလုပ်ထုံးလုပ်နည်းစိစစ်ရေးနှင့်လုပ်ငန်းစစ်ဆေးရေးဌာနခွဲမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်စုမြတ်မြတ်ထွေး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝေဖြိုးမောင်၊ ဝန်ကြီးဌာနတွင်းစာရင်းစစ်နှင့် ဘဏ္ဍာရေးဌာနခွဲမှ လက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူး ဒေါ်ခိုင်ဇာထွေး နှင့် ပြည်တွင်း/ပြည်ပ ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲမှ နေ့စားဝန်ထမ်း ဦးကောင်းမြတ်မင်း တို့က  မိမိတို့ တက်ရောက် သင်ယူလျက်ရှိသော သင်တန်းများနှင့် ပတ်သက်၍ လိုအပ်ချက်နှင့် အခက်အခဲများအား တင်ပြဆွေးနွေး ပါသည်။ ၎င်းနောက် ဝန်ကြီးဌာနတွင်းစာရင်းစစ်နှင့် ဘဏ္ဍာရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်မာလင်း၊ စီမံကိန်းနှင့်စာရင်းအင်းဌာနခွဲမှ အကြီးတန်းစာရေး ဒေါ်သက်ထားစု၊ ဦးစီးရုံးမှ ဓာတ်ပုံ ကျွမ်းကျင်-၃ ဦးငြိမ်းချမ်းအောင်၊ မူဝါဒ၊ဥပဒေလုပ်ထုံးလုပ်နည်းစိစစ်ရေးနှင့်လုပ်ငန်းစစ်ဆေးရေးဌာနခွဲမှ  ဒုတိယဦးစီးမှူး ဦးကျော်ဇေယျာကို တို့က မိမိတို့ လက်ရှိနေထိုင်လျက်ရှိသော ဝန်ထမ်းအိမ်ယာတိုက်ခန်း များတွင် ထားရှိသည့် မော်တော်ဆိုင်ကယ်များ၏ လုံခြုံရေးအခြေအနေများနှင့်ပတ်သက်၍ စီမံဆောင်ရွက် ပေးနိုင်ပါရန် ဆွေးနွေးတင်ပြခဲ့ကြပါသည်။

          ပြီးနောက် စီမံကိန်းနှင့်စာရင်းအင်းဌာနခွဲမှ လက်ထောက်အတွင်းဝန် ဦးမြတ်သူ၊  မူဝါဒ၊ဥပဒေလုပ်ထုံး လုပ်နည်း စိစစ်ရေးနှင့်လုပ်ငန်းစစ်ဆေးရေးဌာနခွဲမှ လက်ထောက်အတွင်းဝန် ဦးမျိုးမြင့်သိန်း၊ ပြည်တွင်း/ ပြည်ပဆက်ဆံရေးနှင့်သတင်းပြန်ကြားရေးဌာနခွဲမှ လက်ထောက်အတွင်းဝန် ဦးဇော်အောင်၊ အုပ်ချုပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုဌာနခွဲမှ လက်ထောက်အတွင်းဝန် ဦးစိုးနိုင် တို့က မိမိတို့ တာဝန်ယူ ဆောင်ရွက်နေသော ဌာနခွဲများအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး  ဒုတိယဝန်ကြီး က တင်ပြဆွေးနွေးမှုများအပေါ် လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက် ပေးခဲ့ကာ အခမ်း အနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

Loading

Admin

Admin

Top