ပဉ္စမအကြိမ်မြောက်အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနပေါင်းစုံ ပြေးခုန်ပစ်အားကစားပြိုင်ပွဲတွင် ဝန်ကြီးဌာနကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ဆုရအားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် နေ့လယ်စာဖြင့် ဂုဏ်ပြုဧည့်ခံခြင်း အခမ်းအနားကျင်းပ နေပြည်တော် ၇-၃-၂၀၂၅ ရက်နေ့

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပဉ္စမအကြိမ်မြောက်အမျိုးသား အားကစားပွဲတော် ဝန်ကြီးဌာနပေါင်းစုံပြေးခုန်ပစ်အားကစားပြိုင်ပွဲတွင် ဝန်ကြီးဌာနကိုယ်စားပြု ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည့် ဆုရအားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် နေ့လယ်စာဖြင့် ဂုဏ်ပြုဧည့်ခံခြင်း အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ မတ်လ ၃ ရက်နေ့ နေ့လည် ၁၂း၀၀ နာရီအချိန်တွင် နေပြည်တော် ရုံးအမှတ်(၁၉)ရှိ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

ဦးစွာ အခမ်းအနားသို့ တက်ရောက်လာသည့် အားကစားသမားများက မိမိတို့ ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲများတွင် ဆုတံဆိပ် ရရှိမှုများနှင့် စံချိန်များကို ပြည်ထောင်စုဝန်ကြီးထံ တစ်ဦးချင်း မိတ်ဆက် ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး က အမှာစကားပြောကြားရာ၌ ဝန်ကြီးဌာနအနေဖြင့် ပြေးခုန်ပစ် အားကစားနည်းအတွက် နိုင်ငံ့ဂုဏ်ဆောင်သည့် အားကစားသမားများ ပေါ်ထွန်းလာစေရန်နှင့် မြေတောင် မြှောက်စေရန် ရည်ရွယ်၍ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ညှိနှိုင်း ဆောင်ရွက်ခဲ့ရာ အားကစားသမား (၁၄)ဦး ရရှိခဲ့ပြီး ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန/လုပ်ငန်းများတွင် နေ့စားဝန်ထမ်းအဖြစ် ခန့်အပ်ကာ သက်ဆိုင်ရာ အားကစားနည်းများအလိုက် Youth Camp နှင့် Gold Camp များတွင် လေ့ကျင့်စေခဲ့ပါကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သော (၆၆)ကြိမ်မြောက် ဝန်ကြီးဌာနပေါင်းစုံ ပြေးခုန်ပစ်အားကစား ပြိုင်ပွဲ တွင် ရွှေ (၁)ခု၊ ငွေ (၂)ခု၊ ကြေး (၂)ခု ရရှိခဲ့ပြီး ဝန်ကြီးဌာနအလိုက် အဆင့်(၇)ဖြင့် လည်းကောင်း၊ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်သည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၊ ဝန်ကြီးဌာနအဆင့် ပြေးခုန် ပစ်ပြိုင်ပွဲတွင် ရွှေ (၁)ခု၊ ငွေ (၃)ခု၊ ကြေး (၁)ခု ရရှိခဲ့ပြီး ဝန်ကြီးဌာနအလိုက် အဆင့်(၅)ဖြင့် လည်းကောင်း ရရှိခဲ့ပါကြောင်း၊ ယခုလို ဆုတံဆိပ်များ ရရှိအောင် ကြိုးစားပေးခဲ့ကြသည့်အတွက် ကျေးဇူး အထူးတင်ရှိ ပါကြောင်း၊ အားကစားသမား မောင်/မယ်များ အနေဖြင့် နောက်နှစ်များတွင် အားကစားနည်း အလိုက် စံချိန် ကောင်းများ ရရှိအောင် လေ့ကျင့်ပြီး နိုင်ငံ့ဂုဏ်ဆောင်သည့် အားကစားသမားများဖြစ်အောင် ကြိုးစားကြစေ လိုကြောင်းဖြင့် ပြောကြားသည်။

ပြီးနောက် သတ္တုတွင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အားကစားပြိုင်ပွဲတွင် ပါဝင်ဆောင်ရွက် ပေးခဲ့သော နည်းပြများအား ဂုဏ်ပြုချီးမြှင့်ပြီး မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ ဦးဆောင် ညွှန်ကြားရေးမှူး က လှံတံပစ်ပြိုင်ပွဲတွင် တတိယ(ကြေးတံဆိပ်) ရရှိခဲ့သူအား ဆုချီးမြှင့်ပေးအပ်ပါသည်။

၎င်းနောက် ဒုတိယဝန်ကြီး ဦးမင်းသူ က မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ သံလုံးပစ်ပြိုင်ပွဲ၊ ၂၀ ကီလိုမီတာ လမ်းလျှောက်ပြိုင်ပွဲများတွင် ဒုတိယ(ငွေတံဆိပ်) ရရှိခဲ့သူများအားဆုချီးမြှင့်ပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီး ကအလျားခုန်ပြိုင်ပွဲတွင် ပထမ(ရွှေတံဆိပ်) ရရှိခဲ့သူအားဆုချီးမြှင့်ခဲ့ကာ နေ့လည်စာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သိရသည်။

Loading

Admin

Admin

Top