သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ရုံးအမှတ်-၁၉ ၏ ၃/၂၀၂၅ ကြိမ်မြောက် ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲကို ယနေ့ နေ့လည် ၂:၀၀ နာရီ အချိန်တွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက်၍ အဖွင့် အမှာစကားပြောကြားပါသည်။
အခမ်းအနားသို့ လက်ထောက်အတွင်းဝန်များ၊ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း ၈၅ ဦး တက်ရောက်ကြပါသည်။ ဆန္ဒဖော်ထုတ်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးရုံး၊ အုပ်ချုပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်စီမံခန့်ခွဲမှုဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးနေလင်းနိုင် က လက်ရှိ နေထိုင်ရန် ဆောက်လုပ် ပေးထားသည့် ဘာရှာ အဆောက်အဦသို့ သွားရာလမ်းတွင် လမ်းမီး တပ်ဆင်ပေးစေ လိုပါကြောင်း၊ စီမံကိန်းနှင့်စာရင်းအင်းဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခတ္တာလှိုင် က အမှိုက်များ စွန့်ပစ်နိုင်ရေး အမှိုက်ကန်နှင့် အိမ်သာသို့ သွားရာလမ်းတွင် လမ်းမီး တပ်ဆင်ပေးစေလိုပါကြောင်း၊ ဘာရှာအဆောက်အဦ (၂)ခုကြား နေရာတွင် ခွင့်ပြုပါက အမိုးအကာ မိုးလိုပါကြောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ဇာဇာငြိမ်းချမ်းထွန်းက မိမိတို့ နေထိုင်ရသည့် ဘာရှာသည် မြေကြီး အနိမ့်ပိုင်းတွင် ရှိနေ၍ ရေဝင်ရောက်မှု ရှိပါကြောင်း၊ ဝန်ကြီးဌာနတွင်း စာရင်းစစ်နှင့် ဘဏ္ဍာရေး ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမြင့်စိုးက မိမိနေသည့် ဘာရှာရှေ့တွင် ရေငုတ် တပ်ဆင်လိုပါကြောင်း၊ ပြည်တွင်း/ ပြည်ပ ဆက်ဆံရေးနှင့်သတင်း ပြန်ကြားရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စုမြတ်မြတ်ထွေးက မိမိတို့ နေထိုင်သည့် ဘာရှာနှင့် ရုံးသို့ သွားရာလမ်းသည် မိုးရာသီတွင် ရွှံ့ရေများ ချောနေသဖြင့် လူသွားလမ်း ပြုလုပ်ပေးစေလိုပါကြောင်း တင်ပြကြပြီး ပြည်တွင်း/ ပြည်ပဆက်ဆံရေးနှင့် သတင်း ပြန်ကြားရေးဌာနခွဲမှ လက်ထောက်အတွင်းဝန် ဦးဇော်အောင်၊ ဝန်ကြီးဌာနတွင်း စာရင်းစစ်နှင့် ဘဏ္ဍာရေးဌာနခွဲမှ လက်ထောက် အတွင်းဝန် ဒေါ်နီလာဇင်၊ စီမံကိန်းနှင့်စာရင်းအင်းဌာနခွဲမှ လက်ထောက်အတွင်းဝန် ဦးမြတ်သူ၊ မူဝါဒနှင့် ဥပဒေလုပ်ထုံးလုပ်နည်းစိစစ်ရေးနှင့်လုပ်ငန်းစစ်ဆေးရေးဌာနခွဲမှလက်ထောက်အတွင်းဝန် ဦးမျိုးမြင့်သိန်း၊ အုပ်ချုပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုဌာနခွဲမှ လက်ထောက်အတွင်းဝန် ဦးစိုးနိုင်တို့က မိမိတို့ တာဝန်ယူ ဆောင်ရွက်နေသော ဌာနခွဲများအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ကြပါသည်။
ပြီးနောက် ဒုတိယဝန်ကြီး က ဝန်ထမ်းများ၊ လက်ထောက်အတွင်းဝန်များ၏ တင်ပြဆွေးနွေးမှု များအပေါ် လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခဲ့ကာ အခမ်းအနားကို ၄:၀၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။











