သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် ၂၄-၄-၂၀၂၆ ရက်နေ့၊ ညနေပိုင်းတွင် မြန်မာနိုင်ငံ၏ ဓာတ်သတ္တုသယံဇာတ ဖြစ်ထွန်းမှုများနှင့် ဓာတ်သတ္တုများ ရှာဖွေခြင်း၊ စမ်းသပ်တိုင်းတာခြင်းနှင့် ဖြစ်မြောက်နိုင်စွမ်း လေ့လာခြင်းတို့ ဆောင်ရွက်နေသည့် ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနသို့ ဒုတိယဝန်ကြီးများဖြစ်သော ဦးခင်လတ်ကြီးနှင့် ဒေါက်တာသောင်းနိုင်ဦး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့်အတူ တက်ရောက်ခဲ့ပါသည်။ ဦးစွာ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသက်တင်ညွန့်က ဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံ ဘူမိဗေဒနှင့် ဘူမိသိပ္ပံဆိုင်ရာ နည်းပညာရပ်များ၊ ဓာတ်သတ္တုသယံဇာတ ဖြစ်ထွန်းမှုများနှင့် အရေးပါသော တွင်းထွက်များ ရှာဖွေခြင်း၊ စမ်းသပ်တိုင်းတာခြင်းနှင့် ဖြစ်မြောက်နိုင်စွမ်းလေ့လာခြင်း စသည့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ပြည်ထောင်စုဝန်ကြီးအား ရှင်းလင်းတင်ပြခဲ့သည်။ ၎င်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများနှင့် […]
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ဝန်ထမ်းများအား တွေ့ဆုံပွဲ အခမ်းအနားကို ၂၃-၄-၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ်(၃၉) သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦးနှင့် ဦးခင်လတ်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်ဖြစ်သော တိုင်းပြည် တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒများကို ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့ပြီး ပညာရေး ကဏ္ဍနှင့် ပတ်သက်၍ ပညာရေးသည် နိုင်ငံပြုပြင်ပြောင်းလဲမှုအတွက် အဓိကကျသဖြင့် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်မှ နိုင်ငံတော်အတွက် အကျိုးပြုမည့် ပညာရှင်များ မွေးထုတ်ပြီး […]
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ သစ်တောဦးစီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်း ဦးစီးဌာနနှင့် မြေတိုင်းဦးစီးဌာနတိုမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများသည် ညောင်ရွှေမြိုနယ် အင်းလေးကန် ပတ်လည်တွင် မြေအသုံးချမှု ပြောင်းလဲမှုများအား ဝေဟင်မှ ကြည့်ရှုစစ်ဆေးရန် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ ချက်နိုင်ငံထုတ် Let L 410 အမျိုးအစား သယ်ယူ ပိုဆောင်ရေး လေယာဉ်ဖြင့် ထွက်ခွာလာကြရာ ဟဲဟိုးလေဆိပ်သို ရောက်ရှိကြသည်။ ဟဲဟိုးလေဆိပ်၌ ရှမ်းပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ ၊ ပြည်နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် ရှမ်းပြည်နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများက ညောင်ရွှေ မြိုနယ်၊ အင်းလေးကန်တစ်ဝိုက်အား ဝေဟင်မှ လှည့်လည်ကြည့်ရှု […]
သယံဇာတနှင့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ရီသည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကြေးတိုင်နှင့်မြေစာရင်း ဦးစီးဌာန၊ သစ်တောဦးစီးဌာနနှင့် မြေတိုင်းဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန် ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများလိုက်ပါလျက် ၈-၃-၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ မြေအသုံးချမှု ပြောင်းလဲမှုများအား ဝေဟင်မှ လေယာဉ်ဖြင့် လှည့်လည် ကြည့်ရှု စစ်ဆေးသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ သစ်တောမြေဖြစ်သော ကြိုးဝိုင်း/ ကြိုးပြင် ကာကွယ်တောများအတွင်း တရားမဝင်ကျူးကျော်ဝင်ရောက်နေမှုများ၊ မြေလွတ် မြေရိုင်းနှင့် လယ်ယာမြေများအား ခွင့်ပြုချက်မရဘဲ အခြားမြေအသုံးချမှုအဖြစ် ပြောင်းလဲအသုံးချ နေမှုများနှင့် အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများတွင် ခွင့်ပြုချက်မရှိပဲ မြေအသုံးချနေမှုများအား လေယာဉ်ဖြင့် ဝေဟင်မှ ကနဦး လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် […]
(၃၇)ကြိမ်မြောက် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သစ်တောသုတေသနဌာန၊ စုဝေးခန်းမ၊ ရေဆင်း၌ ကျင်းပ ပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရေဆင်းတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ အငြိမ်းစား သစ်တောအရာရှိကြီးများ၊ တိုင်းဒေသကြီး နှင့်ပြည်နယ်များမှ ကိုယ်စားလှယ်များ၊ သုတေသနစာတမ်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံရေရှည်ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ပညာရေးနှင့် သုတေသန ဖွံ့ဖြိုးရေးသည် အရေးကြီးသော အခြေခံအုတ်မြစ်ဖြစ်ပါကြောင်း၊ အရည်အသွေးရှိသည့် သုတေသနစွမ်းဆောင်ချက် တစ်ခုသည် နိုင်ငံလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုနိုင်မှာ ဖြစ်ကြောင်း၊ သဘာဝသယံဇာတများကို စနစ်တကျ စီမံအုပ်ချုပ်နိုင်ရေးနှင့် ရေရှည်တည်တံ့အောင် ထိန်းသိမ်း နိုင်ရေးအတွက် […]
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် အစိုးရတို့အကြား ယူနန်ပြည်နယ်၊ တဲဟုန် ပြည်နယ်ခွဲ၊ ရွှေလီမြို့၊ ကျယ်ဂေါင်နယ်စပ်ကုန်သွယ်ရေးဇုန်တွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျင်းပ ပြုလုပ်ရန်အတွက်ပူးတွဲစီစဉ်နိုင်ရေး နားလည်မှုစာချွန်လွှာ (MoU)လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ Haigeng Garden အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အခမ်းအနားသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော ဝန်ကြီးဌာန ကိုယ်စားလှယ်အဖွဲ့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး (ကူမင်း)မှ တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် ပါတီ အထွေထွေအတွင်းရေးမှူး Mr. Wang Ning နှင့် ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူး Mr. […]
သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများဆိုင်ရာ ပြည်သူအခြေပြု အသေးစားစီးပွားရေးလုပ်ငန်းများ သရုပ်ပြတည်ထောင်ခြင်းစီမံကိန်း၏ ဝါးလက်မှုထုတ်ကုန်ပစ္စည်းအမျိုးမျိုး စျေးကွက်မြှင့်တင်ရေးနှင့် အရောင်းပြပွဲကို ယနေ့နံနက် ၉ နာရီတွင် Kumudra Grand Ballroom, Hotel Max, Naypyitaw ၌ ကျင်းပသည်။ အခမ်းအနားသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်၊ ဆက်စပ်ဌာနများမှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။ ဦးစွာ ဒုတိယဝန်ကြီးက ဝါးသည် ကမ္ဘာပေါ်တွင် အကြီးမြန်ဆုံးအပင်များအနက် တစ်မျိုးဖြစ်ပြီး အချိန်တိုအတွင်း အသုံးချနိုင်သော အရွယ်အစားရရှိသည့်အပြင် လေထုထဲရှိ ကာဗွန်ဒိုင်အောက်ဆိုက်ပမာဏများစွာကို စုပ်ယူနိုင်ပြီး ရေတိုက်စားမှုကိုလည်း အထူးကာကွယ်ကြောင်း၊ ဝါးလက်မှုလုပ်ငန်း ဖွံဖြိုးရေးအတွက် ခြေလှမ်းအသစ်ဖြစ်ရုံသာမက ရေရှည်တည်တံ့သော စီးပွားရေးနှင့် […]
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများလိုက်ပါလျက် ၂၆-၁-၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်ရှိ သတ္တုကျိုချက်သန့်စင် စမ်းသပ်စက်ရုံသို့ သွားရောက် ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက အခြေခံကုန်ကြမ်းရရှိမှု၊ ကျိုချက်ရေးပစ္စည်းများနှင့် လုပ်ငန်းစဉ်များ၊ ထွက်ရှိလာသော ထုတ်ကုန်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက သတ္တုကုန်ကြမ်းများမှ တန်ဖိုးမြှင့် ကုန်ချောထုတ်ကုန်များရရှိအောင် ပြည်တွင်း၌ စမ်းသပ် ထုတ်လုပ်နေမှုအား အထူးအားပေးပါကြောင်း၊ လိုအပ်သော နည်းပညာနှင့် ဓာတ်ခွဲစမ်းသပ်မှုများကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ခဲ့ပြီး ယခုစမ်းသပ် လည်ပတ်သည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ကျိုချက် သန့်စင်မှု လုပ်ငန်းအဆင့်ဆင့်ကိုလည်း ဆက်လက်၍ အဆင့်မြှင့်တင် ဆောင်ရွက်သွားရန်နှင့် အရည်အသွေး ပြည့်ဝသော ထုတ်ကုန်များရရှိအောင် ကြိုးပမ်း ဆောင်ရွက်သွားရန်မှာကြားပြီး စမ်းသပ် စက်ရုံအတွင်း ဆောင်ရွက်နေသော […]
