(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဝန်ကြီးဌာန ကိုယ်စားပြု ပါဝင်သည့် ဝန်ထမ်းများအတွက် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုမှတ်တမ်းတင်လွှာပေးအပ်ခြင်း အခမ်းအနား ကျင်းပ

               ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဝန်ကြီးဌာန ကိုယ်စားပြု ပါဝင်သည့် ဝန်ထမ်းများအတွက် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုမှတ်တမ်းတင်လွှာ ပေးအပ်ခြင်း အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၈)ရက်နေ့ ညနေ (၆)နာရီအချိန်တွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ကဏ္ဍအသီးသီးမှ ပါဝင်ဆောင်ရွက်ခဲ့ကြသူများ စုစုပေါင်း အင်အား (၈၈၅)ဦး တက်ရောက်ခဲ့ကြပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနားကြီးတွင် ဝန်ကြီးဌာနကိုယ်စားပြု တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများ၏ ကြိုးစားမှုကို မှတ်တမ်းတင် ဂုဏ်ပြုသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း၊ တာဝန်ရှိသူ အဆင့်ဆင့်နှင့် ပါဝင်သူအားလုံး၏ ကြိုးစားအားထုတ်ဆောင်ရွက်မှု၊ ကော်မတီများ၏ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်မှု၊ ကျန်းမာရေး ကိစ္စများနှင့် အခြားလိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ ပေါင်းစပ်ဆောင်ရွက်ခဲ့မှုများကြောင့် ယခုကဲ့သို့ အောင်မြင်မှု ရရှိခဲ့ခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်း ပြောကြား ခဲ့ပါသည်၊။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် အလံကိုင်အဖွဲ့၊ စစ်ရေးပြအဖွဲ့၊ ရာဇာဝင်းအဖွဲ့၊ ပြခန်းအဖွဲ့နှင့် ဂုဏ်ပြုယာဉ်အဖွဲ့တို့မှ ပါဝင် ဆောင်ရွက်ခဲ့ကြသူများကို ဂုဏ်ပြုမှတ်တမ်းတင်လွှာများ ပေးအပ်ချီးမြှင့်ပြီး ဝန်ထမ်းများကိုယ်စား တာဝန် ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပါသည်။

          ထို့နောက် တက်ရောက်လာကြသူများကို ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ပြည်ထောင်စုဝန်ကြီး နှင့် တာဝန်ရှိသူများက ဝန်ထမ်းများကို ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သိရှိရပါသည်။

 

 

 

Admin

Admin

Top