၁။ အမှတ်(၁)သတ္တုတွင်းလုပ်ငန်းနှင့် အကျိုးတူဆောင်ရွက်လျက်ရှိပြီး ကိုယ်ပိုင် ယမ်းတိုက်ရှိသော ကုမ္ပဏီများမှ ယမ်း နှင့်ဆက်စပ် ပစ္စည်းများ ဝယ်ယူသုံးစွဲလိုပါက ဦးဆောင်ညွှန်ကြားရေးမှူး၊ အမှတ် (၁)သတ္တုတွင်းလုပ်ငန်း သို့လိပ်မူ၍ လျှောက်ထား ရမည်။ လျှောက်လွှာနှင့်အတူအောက်ဖော်ပြပါ အချက် အလက်များ ပူးတွဲ ပါရှိရမည်-
(က) ယမ်းနှင့်ဆက်စပ်ပစ္စည်းများ လိုအပ်ချက်ပမာဏဇယား။
( ခ ) သတ္တုလုပ်ကွက်တွင် သုံးစွဲမည့် ယမ်းနှင့်ဆက်စပ်ပစ္စည်းများ ဖောက်ခွဲမှုပုံစံ(Blasting Pattern)
၂။ ဝယ်ယူသုံးစွဲလိုကြောင်း လျှောက်ထားလာသော ကုမ္ပဏီများ၏ ယမ်းနှင့်ဆက်စပ်ပစ္စည်း လိုအပ်ချက်များကို စုပေါင်း၍ အမှတ်(၁)သတ္တုတွင်းလုပ်ငန်းမှ သတ္တုတွင်းဦးစီးဌာနသို့ လိုအပ်ချက်စာရင်းပြုစုတင်ပြ ရသည်။
၃။ အမှတ်(၁)သတ္တုတွင်းလုပ်ငန်းမှ ကက(နက်) သို့ သတ္တုတွင်းဦးစီးဌာနမှ စိစစ်ထောက်ခံချက် ပူးတွဲ၍ ဆက်လက်တင်ပြ လျှောက်ထားရပါသည်။
၄။ ကက(နက်)မှ နယ်ဘက်လုပ်ငန်းဌာနများ၏ လျှောက်ထား တင်ပြလာသော ယမ်းနှင့်ဆက်စပ်ပစ္စည်း လိုအပ်ချက်စာရင်းများကို ညှိနှိုင်းအစည်းအဝေးခေါ်ယူပြီး အတည်ပြုချက် ရယူပါသည်။
၅။ ကက(နက်)မှ သုံးစွဲမည့် ဘဏ္ဍာနှစ်အတွင်း နယ်ဘက်လုပ်ငန်းဌာနများသို့ ယမ်းနှင့်ဆက်စပ်ပစ္စည်း ခွဲဝေမှုစာရင်းကိုပေးပို့ ပါသည်။
၆။ ကက(နက်)၏ နယ်ဘက်လုပ်ငန်းဌာနများသို့ ယမ်းနှင့်ဆက်စပ်ပစ္စည်းခွဲဝေပေးမှု စာရင်းအရ ကက(ထုတ်) မှ ကျသင့်ငွေ ပေးသွင်းရန် ငွေတောင်းခံလွှာပေးပို့ပါသည်။
၇။ အမှတ်(၁)သတ္တုတွင်းလုပ်ငန်းမှ ကက(ထုတ်)သို့ ကျသင့်ငွေများပေးသွင်းခွင်ပြုရန် တင်ပြရပါသည်။
၈။ ကက(ထုတ်)မှ မြန်မာ့စီးပွားရေးဘဏ်ခွဲ(သင်္ဃန်းကျွန်း)တွင် ကာကွယ်ရေးငွေစာရင်းအမှတ်MD-010424ဖြင့် ပေးသွင်းရန် အမှတ်(၁)သတ္တုတွင်းလုပ်ငန်းသို့ အကြောင်းကြားစာပေးပို့ပါသည်။
၉။ အမှတ်(၁)သတ္တုတွင်းလုပ်ငန်းမှ ကုမ္ပဏီများအတွက် ခွဲဝေရရှိသော ယမ်းနှင့်ဆက်စပ်ပစ္စည်းများ၏ ကျသင့်ငွေများ ပေးသွင်း ရန် မြန်မာ့စီးပွားရေးဘဏ်ခွဲ(သင်္ဃန်းကျွန်း)သို့ ငွေပေးသွင်းခွင့် ညှိနှိုင်းစာပေးပို့ ပါသည်။
၁၀။ ကုမ္ပဏီမှ ကျသင့်ငွေပေးသွင်းပြီးပါက ပေးသွင်းပြီးကြောင်းကို ချလံမူရင်းနှင့်အတူ အမှတ်(၁)သတ္တုတွင်း လုပ်ငန်းသို့ တင်ပြရ သည်။
၁၁။ကုမ္ပဏီအသီးသီးမှကျသင့်ငွေပေးသွင်းပြီးကြောင်းကိုအမှတ်(၁)သတ္တုတွင်းလုပ်ငန်းမှကက(ထုတ်)သို့ဆက်လက်တင်ပြရသည်။
၁၂။ကက(ထုတ်)မှကက(ကြည်း)တာဝန်သို့ ကျသင့်ငွေများ ပေးသွင်းပြီးကြောင်း ဆက်လက်တင်ပြရ သည်။