ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ဝိုင်းမော်မြို့နယ်၊ကန်တော်ယန်ဒေသတွင် အမှတ်(၁)သတ္တုတွင်းလုပ်ငန်းနှင့် သံသတ္တု ထုတ်လုပ်မှု အပေါ်ခွဲဝေခံစားသော လုပ်ငန်းစာချုပ်အား (၂၁.၁၂.၂၀၀၉)ရက်နေ့တွင် ချုပ်ဆိုခဲ့ပြီး စာချုပ်သက်တမ်းမှာ(၁၀)နှစ်ဖြစ်ပါသည်။ ထုတ်လုပ်မှု စတင်သည်မှ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလကုန်အထိ သံသတ္တု (၅၀၆၆၆.၂၂) မက်ထရစ်တန် ထုတ်လုပ်ခဲ့ပြီး၊ ထုတ်လုပ်မှုအပေါ် (၄၀၀၀၀)မက်ထရစ်တန်အတွက် အခွန်ဝေစုပေးသွင်းထားပြီးဖြစ်ပါသည်။ လက်ကျန်သတ္တု (၁၀၆၆၆.၂၂) မက်ထရစ်တန်အနက် သံသတ္တု (၃၅၅၅.၄၁)မက်ထရစ်တန်အတွက် ခွဲဝေအချိုးဝေစု အမေရိကန်ဒေါ်လာ (၅၃၂၄၆) ပေးသွင်းထားပြီးဖြစ်ပါသည်။