တည်နေရာ
၁။ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ခါလိန်ဒေသ
မြေပုံညွှန်း
၂။ ၉၃ အက်ဖ်/၆ (A-T 158 128, B-T 167 127, C-T 167 123, D-T 170 124, E-T 172 123, F-T 162 114, G-T 161 116, H-T 164 120, I-T 160 120)
ဧရိယာ
၃။ ၁၅၃.၉၂ ဧက (၀.၆၂၂၉စတုရန်းကီလိုမီတာ)
နောက်ခံသမိုင်းအကျဉ်း
၄။ သီပေါဂေါဒန်ကျောက်သတ္တုတွင်းအား ၁၉၇၄ ခုနှစ်၊ဧပြီလ(၁)ရက်နေ့မှ စတင်ထူထောင်ခဲ့ပါသည်။ ယခုအခါ သတ္တုတွင်း သက်တမ်း နှစ်ပေါင်း(၄၂)နှစ်ခန့်ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။
၅။ သီပေါဂေါဒန်ကျောက်သတ္တုတွင်းသည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ မန်ဟဲကျေးရွာ အုပ်စု ခါလိန်ကျေးရွာ တွင် တည်ရှိပါသည်။ လမ်းပန်းဆက်သွယ်ရေးအနေဖြင့် သီပေါမြို့၏ အနောက်ဖက် (၂၁/၂ )မိုင်ခန့် အကွာ၊ မန္တလေး- လားရှိုးကားလမ်း မိုင်တိုင်အမှတ် (၁၂၆/၀)မှ(၁၂၆/၆)အတွင်းမန္တလေး- လားရှိုးကားလမ်းနှင့် ရထားလမ်း၏ ဝဲဘက်(၀.၅)မိုင် အကွာတွင် တည်ရှိပါသည်။ ဧရိယာအကျယ် အဝန်းအနေဖြင့် ဂေါဒန်ကျောက် တူးဖော်လုပ်ကွက် ဧရိယာ (၁၀၈.၈၇)ဧက ရှိပြီး သတ္တုတွင်းဝန်ထမ်းအိမ်ယာ၊ ရုံးဌာန၊ အလုပ်ရုံ၊ သိုလှောင်ရုံ အပါအဝင် ဂေါဒန်ကျောက် သတ္တုတွင်းဧရိယာ စုစုပေါင်း (၁၅၃.၉၂)ဧက ဖြစ်ပါသည်။
၆။ ၁၉၆၃ – ၁၉၆၄ ခုနှစ်များတွင် ဓါတ်သတ္တုရှာဖွေထုတ်လုပ်ရေးကော်ပိုရေးရှင်းမှ ဘူမိဗေဒပညာရှင် ဦးအောင်ညွှန့်နှင့် အဖွဲ့မှ စိန်လွန်တွင်း စုစုပေါင်း(၄၄)တွင်းဖြင့် စမ်းသပ်တိုင်းတာမှုအရ ဧရိယာဧက (၄၀)အတွင်းမှ သ-၂ အဆင့်ရှိ CaSO4 ၇၃.၂၂% ရှိသော ဂေါဒန်ကျောက် တန်ချိန်(၁၂.၀၄)သန်းနှင့် ရေမဲ့ဂေါဒန်ကျောက်တန်ချိန် (၅.၉၅)သန်းရှိကြောင်းနှင့် ၁၉၇၂-၁၉၇၃ခုနှစ်တွင် မြန်မာ့ဓါတ်သတ္တုတိုးချဲ့လုပ်ကိုင်ရေးကော်ပိုရေးရှင်းမှ ဘူမိဗေဒပညာရှင် ဦးသိုက်နှင့်အဖွဲ့မှ လွန်တွင်း (၁၃)တွင်း ထပ်မံတူးဖော် စမ်းသပ်မှုအရ သ-၂ အဆင့်ရှိ CaSO4 ၇၁.၄၃%ရှိ ဂေါဒန်ကျောက် တန်ချိန်စုစုပေါင်း (၆.၃)သန်းနှင့် ရေမဲ့ ဂေါဒန်ကျောက်တန်ချိန် (၆)သန်းရှိကြောင်း တွက်ချက်ခန့်မှန်းခဲ့ပါသည်။
၇။ ဂေါဒန်ကျောက်သတ္တုတွင်းအား ၁၉၇၄ ခုနှစ်တွင် စီမံကိန်းအသွင်ဖြင့် စတင်ခဲ့ပြီး ၁၉၇၅ ခုနှစ်တွင် သတ္တုတွင်း အင်ဂျင်နီယာ ဦးထွန်းထွန်းမှ တစ်နှစ် တန်ချိန် ၃၅၀၀၀ ထုတ်လုပ်မည့် Mine Design ကိုလည်းကောင်း၊ ၁၉၈၃- ၁၉၈၄ ဘဏ္ဍာရေးနှစ်တွင် သတ္တုတွင်း မန်နေဂျာဦးလူဖေမြင့်မှ တစ်နှစ် တန်ချိန် ၆၀၀၀၀ ထုတ်လုပ်မည့် Mine Design ကို လည်းကောင်း၊ ၁၉၉၉- ၂၀၀၀ ခုနှစ်တွင် သတ္တုတွင်း အင်ဂျင်နီယာဦးစစ်သိမ်းမှ လက်ရှိတူးဖော်နေသော လုပ်ကွက်အား အသေးစိတ်တိုင်းတာတွက်ချက်မှုများ ပြုလုပ်၍ တစ်နှစ် တန်ချိန် ၁၀၀၀၀၀ တန် ထုတ်လုပ်မည့် Mine Design ကို လည်းကောင်း ရေးဆွဲလျက် ဂေါဒန်ကျောက် ထုတ်လုပ်မှုလျာထားချက်ပြည့်မီအောင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါ သည်။
၈။ ဂေါဒန်ကျောက်အားဘိလပ်မြေလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး မျက်နှာကျက်ကျောက်ပြားလုပ်ငန်း၊ ကြွေထည် လုပ်ငန်းတွင် ပုံသွင်းခွက် (MOULD)အဖြစ် အသုံးပြုခြင်း၊ (P.O.P) ခေါ် ကျောက်ပတ်တီးပြုလုပ်ခြင်း၊ ကျောက်ရုပ်ပုံ သွင်းခြင်း၊ သွားစိုက်လုပ်ငန်းတွင်အသုံးပြုခြင်း၊ မြေဖြူတောင့်လုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းတွင် SOIL CONDITIONER အဖြစ်လည်းကောင်း၊ သင်္ဘောဆေးလုပ်ငန်းနှင့် ပိုးသတ်ဆေးလုပ်ငန်းများ၌လည်းကောင်း အသုံးပြု ကြပါသည်။
၉။ ယခုအခါ နိုင်ငံပိုင် သီပေါဂေါဒန်ကျောက်သတ္တုတွင်းအား First Resources Co., Ltd နှင့် ဂေါဒန်ကျောက်(စက်မှု တွင်းထွက်ကုန် ကြမ်း)အကြီးစားထုတ်လုပ်မှုအပေါ်ခွဲဝေခံစားသည့်လုပ်ငန်း သဘောတူ စာချုပ်ကို(၂၀.၁၂.၂၀၁၂) ရက်နေ့တွင် လက်မှတ်ရေးထိုးချုပ်ဆို ဆောင်ရွက်လျက်ရှိပါသည်။
ဂေါဒန်ကျောက်(စက်မှုတွင်းထွက်ကုန်ကြမ်း) ထုတ်လုပ်မှုအပေါ်ခွဲဝေခံစားသည့် လုပ်ငန်းသဘောတူစာချုပ်ပါ အချက် အလက်များ
၁၀။ | (က) | ကုမ္ပဏီအမည် | First Resources Co., Ltd. |
( ခ) | ခွင့်ပြုမိန့်အမှတ်နှင့်ရက်စွဲ | ဓာတ်သတ္တု အကြီးစား ထုတ်လုပ်ရန် ခွင့်ပြုမိန့်အမှတ်၊ ၀၀၀၁/၂၀၁၃ (၂၃.၁.၂၀၁၃) | |
( ဂ) | လက်မှတ်ရေးထိုးသည့်ရက် | (၂၀.၁၂.၂၀၁၂) | |
(ဃ) | ရင်းနှီးမြှုပ်နှံမှုပမာဏ | ကျပ် (၅၀၀)သိန်း | |
( င ) | စာချုပ်သက်တမ်း | (၁၀)နှစ်၊ | |
( စ ) | ဓာတ်သတ္တုခွန် | ၃% | |
(ဆ) | ပုံသေမြေငှားခ | တစ်စတုရန်းကီလိုမီတာလျှင် ကျပ် (၂၀)သိန်း | |
( ဇ ) | အကျယ်အဝန်း | ၁၅၃.၉၂ဧက၊ (၀.၆၂၂၉စတုရန်းကီလိုမီတာ) | |
( စျ ) | လုံခြုံမှုအာမခံငွေ | ကျပ် (၆၀၀)သိန်း | |
(ည) | လက်မှတ်ရေးထိုးမှု ဆုကြေးငွေ | ကျပ် (၂၀၀)သိန်း |
နှစ်အလိုက် ထုတ်လုပ်မှုအခြေအနေ ၁၁။ (က) ၂၀၁၂- ၂၀၁၃ ခုနှစ် ၁၇၆၇၀ တန် ( ခ) ၂၀၁၃- ၂၀၁၄ ခုနှစ် ၂၀၀၀၂ တန် ( ဂ) ၂၀၁၄-၂၀၁၅ ခုနှစ် ၈၀၀၇၈.၅ တန် (ဃ) (င ) ( စ) ၂၀၁၅- ၂၀၁၆ ခုနှစ် ၂၀၁၆-၂၀၁၇ ခုနှစ် ၂၀၁၇-၂၀၁၈ ခုနှစ် ၇၄၂၇၉.၀ တန် ၂၁၂၀၇၆.၄၀ တန် ၁၉၄၀၇၆.၀ တန်