ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ နေပူတောင်ဒေသတွင် အမှတ်(၁)သတ္တုတွင်းလုပ်ငန်းနှင့် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် စနစ်ဖြင့် မာဘယ်(အလှဆင်)ကျောက် ထုတ်လုပ်မှုလုပ်ငန်း သဘောတူစာချုပ်အား (၁၆.၃.၂၀၁၂)ရက် နေ့တွင် စာချုပ်ချုပ်ဆိုခဲ့ပြီး စာချုပ်သက်တမ်းမှာ(၂၀)နှစ်ဖြစ်ပါသည်။ ထုတ်လုပ်မှုစတင်သည်မှ ၂၀၁၈ ခုနှစ်၊ မတ်လအထိ မာဘယ် ကျောက်တုံး (၈၆၅၆.၉၄၇)မက်ထရစ်တန် ထုတ်လုပ်ထားရှိပြီး၊ ထုတ်လုပ်ပြီး မာဘယ်ကျောက်တုံး (၆၃၄.၁၂၂)မက်ထရစ်တန် ရောင်းချမှုမှ နိုင်ငံတော်သို့ဓာတ်သတ္တုခွန်အမေရိကန်ဒေါ်လာ(၃၃၈၇.၂၀)နှင့် အမှတ်(၁)သတ္တုတွင်းလုပ်ငန်းသို့ ခွဲဝေမှုအချိုး အမေရိကန် ဒေါ်လာ(၂၁၉၀၃.၉၅) ပေးသွင်းပြီးဖြစ်ပါသည်။