အမှတ်(၁)သတ္တုတွင်းလုပ်ငန်းနှင့် First Resources Co., Ltd.တို့၏ ဂေါဒန်ကျောက် ထုတ်လုပ်မှုလုပ်ငန်းဆိုင်ရာ အချက်အလက်များ

တည်နေရာ

၁။        ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ခါလိန်ဒေသ

မြေပုံညွှန်း

၂။        ၉၃ အက်ဖ်/၆  (A-T 158 128, B-T 167 127, C-T 167 123, D-T 170 124, E-T 172 123, F-T 162 114, G-T 161 116, H-T 164 120, I-T 160 120)

ဧရိယာ

၃။        ၁၅၃.၉၂ ဧက (၀.၆၂၂၉စတုရန်းကီလိုမီတာ)

နောက်ခံသမိုင်းအကျဉ်း

၄။     သီပေါဂေါဒန်ကျောက်သတ္တုတွင်းအား  ၁၉၇၄ ခုနှစ်၊ဧပြီလ(၁)ရက်နေ့မှ စတင်ထူထောင်ခဲ့ပါသည်။ ယခုအခါ သတ္တုတွင်း သက်တမ်း နှစ်ပေါင်း(၄၂)နှစ်ခန့်ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။

၅။     သီပေါဂေါဒန်ကျောက်သတ္တုတွင်းသည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ မန်ဟဲကျေးရွာ အုပ်စု ခါလိန်ကျေးရွာ တွင် တည်ရှိပါသည်။ လမ်းပန်းဆက်သွယ်ရေးအနေဖြင့် သီပေါမြို့၏ အနောက်ဖက်  (၂/)မိုင်ခန့် အကွာ၊ မန္တလေး- လားရှိုးကားလမ်း မိုင်တိုင်အမှတ်  (၁၂၆/၀)မှ(၁၂၆/၆)အတွင်းမန္တလေး- လားရှိုးကားလမ်းနှင့် ရထားလမ်း၏ ဝဲဘက်(၀.၅)မိုင် အကွာတွင် တည်ရှိပါသည်။ ဧရိယာအကျယ် အဝန်းအနေဖြင့် ဂေါဒန်ကျောက် တူးဖော်လုပ်ကွက် ဧရိယာ (၁၀၈.၈၇)ဧက ရှိပြီး သတ္တုတွင်းဝန်ထမ်းအိမ်ယာ၊ ရုံးဌာန၊ အလုပ်ရုံ၊ သိုလှောင်ရုံ အပါအဝင် ဂေါဒန်ကျောက် သတ္တုတွင်းဧရိယာ စုစုပေါင်း (၁၅၃.၉၂)ဧက ဖြစ်ပါသည်။                    

၆။       ၁၉၆၃  – ၁၉၆၄  ခုနှစ်များတွင် ဓါတ်သတ္တုရှာဖွေထုတ်လုပ်ရေးကော်ပိုရေးရှင်းမှ ဘူမိဗေဒပညာရှင် ဦးအောင်ညွှန့်နှင့် အဖွဲ့မှ စိန်လွန်တွင်း စုစုပေါင်း(၄၄)တွင်းဖြင့် စမ်းသပ်တိုင်းတာမှုအရ ဧရိယာဧက (၄၀)အတွင်းမှ သ-၂ အဆင့်ရှိ CaSO4 ၇၃.၂၂% ရှိသော ဂေါဒန်ကျောက် တန်ချိန်(၁၂.၀၄)သန်းနှင့် ရေမဲ့ဂေါဒန်ကျောက်တန်ချိန် (၅.၉၅)သန်းရှိကြောင်းနှင့် ၁၉၇၂-၁၉၇၃ခုနှစ်တွင် မြန်မာ့ဓါတ်သတ္တုတိုးချဲ့လုပ်ကိုင်ရေးကော်ပိုရေးရှင်းမှ ဘူမိဗေဒပညာရှင် ဦးသိုက်နှင့်အဖွဲ့မှ လွန်တွင်း (၁၃)တွင်း ထပ်မံတူးဖော် စမ်းသပ်မှုအရ  သ-၂  အဆင့်ရှိ CaSO4 ၇၁.၄၃%ရှိ ဂေါဒန်ကျောက် တန်ချိန်စုစုပေါင်း (၆.၃)သန်းနှင့် ရေမဲ့ ဂေါဒန်ကျောက်တန်ချိန် (၆)သန်းရှိကြောင်း တွက်ချက်ခန့်မှန်းခဲ့ပါသည်။

၇။     ဂေါဒန်ကျောက်သတ္တုတွင်းအား ၁၉၇၄ ခုနှစ်တွင် စီမံကိန်းအသွင်ဖြင့် စတင်ခဲ့ပြီး ၁၉၇၅ ခုနှစ်တွင် သတ္တုတွင်း အင်ဂျင်နီယာ ဦးထွန်းထွန်းမှ တစ်နှစ် တန်ချိန် ၃၅၀၀၀ ထုတ်လုပ်မည့် Mine Design ကိုလည်းကောင်း၊ ၁၉၈၃- ၁၉၈၄ ဘဏ္ဍာရေးနှစ်တွင် သတ္တုတွင်း မန်နေဂျာဦးလူဖေမြင့်မှ တစ်နှစ် တန်ချိန် ၆၀၀၀၀ ထုတ်လုပ်မည့် Mine Design ကို လည်းကောင်း၊ ၁၉၉၉- ၂၀၀၀ ခုနှစ်တွင် သတ္တုတွင်း အင်ဂျင်နီယာဦးစစ်သိမ်းမှ လက်ရှိတူးဖော်နေသော လုပ်ကွက်အား အသေးစိတ်တိုင်းတာတွက်ချက်မှုများ ပြုလုပ်၍ တစ်နှစ် တန်ချိန် ၁၀၀၀၀၀ တန် ထုတ်လုပ်မည့် Mine Design ကို လည်းကောင်း ရေးဆွဲလျက် ဂေါဒန်ကျောက် ထုတ်လုပ်မှုလျာထားချက်ပြည့်မီအောင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါ သည်။

၈။      ဂေါဒန်ကျောက်အားဘိလပ်မြေလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး မျက်နှာကျက်ကျောက်ပြားလုပ်ငန်း၊ ကြွေထည် လုပ်ငန်းတွင် ပုံသွင်းခွက် (MOULD)အဖြစ် အသုံးပြုခြင်း၊ (P.O.P) ခေါ် ကျောက်ပတ်တီးပြုလုပ်ခြင်း၊ ကျောက်ရုပ်ပုံ သွင်းခြင်း၊ သွားစိုက်လုပ်ငန်းတွင်အသုံးပြုခြင်း၊ မြေဖြူတောင့်လုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းတွင် SOIL CONDITIONER အဖြစ်လည်းကောင်း၊ သင်္ဘောဆေးလုပ်ငန်းနှင့် ပိုးသတ်ဆေးလုပ်ငန်းများ၌လည်းကောင်း အသုံးပြု ကြပါသည်။

၉။     ယခုအခါ နိုင်ငံပိုင် သီပေါဂေါဒန်ကျောက်သတ္တုတွင်းအား First Resources Co., Ltd နှင့် ဂေါဒန်ကျောက်(စက်မှု တွင်းထွက်ကုန် ကြမ်း)အကြီးစားထုတ်လုပ်မှုအပေါ်ခွဲဝေခံစားသည့်လုပ်ငန်း သဘောတူ စာချုပ်ကို(၂၀.၁၂.၂၀၁၂)  ရက်နေ့တွင် လက်မှတ်ရေးထိုးချုပ်ဆို ဆောင်ရွက်လျက်ရှိပါသည်။

ဂေါဒန်ကျောက်(စက်မှုတွင်းထွက်ကုန်ကြမ်း) ထုတ်လုပ်မှုအပေါ်ခွဲဝေခံစားသည့် လုပ်ငန်းသဘောတူစာချုပ်ပါ အချက် အလက်များ

၁၀။(က)ကုမ္ပဏီအမည် First Resources Co., Ltd.
 ( ခ)ခွင့်ပြုမိန့်အမှတ်နှင့်ရက်စွဲဓာတ်သတ္တု အကြီးစား ထုတ်လုပ်ရန် ခွင့်ပြုမိန့်အမှတ်၊ ၀၀၀၁/၂၀၁၃ (၂၃.၁.၂၀၁၃)
 ( ဂ)လက်မှတ်ရေးထိုးသည့်ရက်(၂၀.၁၂.၂၀၁၂)
 (ဃ)ရင်းနှီးမြှုပ်နှံမှုပမာဏကျပ် (၅၀၀)သိန်း
 ( င )စာချုပ်သက်တမ်း(၁၀)နှစ်၊
 ( စ )ဓာတ်သတ္တုခွန်၃%
 (ဆ)ပုံသေမြေငှားခ တစ်စတုရန်းကီလိုမီတာလျှင် ကျပ် (၂၀)သိန်း
 ( ဇ )အကျယ်အဝန်း၁၅၃.၉၂ဧက၊ (၀.၆၂၂၉စတုရန်းကီလိုမီတာ)
 ( စျ )လုံခြုံမှုအာမခံငွေကျပ် (၆၀၀)သိန်း        
 (ည)လက်မှတ်ရေးထိုးမှု ဆုကြေးငွေကျပ် (၂၀၀)သိန်း  

နှစ်အလိုက် ထုတ်လုပ်မှုအခြေအနေ ၁၁။ (က) ၂၀၁၂- ၂၀၁၃ ခုနှစ် ၁၇၆၇၀ တန်   ( ခ) ၂၀၁၃- ၂၀၁၄ ခုနှစ် ၂၀၀၀၂ တန်   ( ဂ) ၂၀၁၄-၂၀၁၅ ခုနှစ် ၈၀၀၇၈.၅ တန်   (ဃ) (င ) ( စ) ၂၀၁၅- ၂၀၁၆ ခုနှစ်   ၂၀၁၆-၂၀၁၇ ခုနှစ်  ၂၀၁၇-၂၀၁၈ ခုနှစ် ၇၄၂၇၉.၀ တန် ၂၁၂၀၇၆.၄၀ တန် ၁၉၄၀၇၆.၀ တန်

Top