The Republic of the Union of Myanmar EN | MM
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

Government of Myanmar

April 4, 2021

ကျောက်စိမ်းရိုင်း တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆက်လက်ရပ်နားထားမည်ဖြစ်ကြောင်း အသိပေးကြေညာချက်

သတင်း

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းမှ အောက်ပါအတိုင်း အသိပေးကြေညာအပ်ပါသည်။

          “ကျောက်စိမ်းရိုင်း တူးဖော်၊ ထုတ်လုပ်ခြင်း လုပ်ငန်းကို ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် ဆောင်ရွက်နိုင်စေရန်အတွက် လည်းကောင်း၊ ကျောက်မျက် သယံဇာတများကို သားစဉ်မြေးဆက် ရေရှည် သုံးစွဲနိုင်ရန်အတွက် လည်းကောင်း၊ Coronavirus Disease 2019 (Covid-19) ရောဂါ ဖြစ်ပွားမှုကို ကာကွယ် ထိန်းသိမ်းနိုင်ရန်အတွက် လည်းကောင်း၊ လုံးခင်း/ ဖားကန့် ရတနာနယ်မြေနှင့် မော်လူး/မော်ဟန် ရတနာနယ်မြေတို့ တွင် ရပ်နားထားခဲ့သော ကျောက်စိမ်းရိုင်း တူးဖော်ခြင်း လုပ်ငန်း များကို (၁-၂-၂၀၂၁) ရက်နေ့မှ (၃၀-၉-၂၀၂၁) ရက်နေ့အထိ ယာယီရပ်ဆိုင်းထားမည် ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်”

မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း