The Republic of the Union of Myanmar EN | MM
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

Government of Myanmar

June 15, 2021

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သည် ၂၀၂၁ ခုနှစ်၊ ဇွန်လ (၁၅)ရက်နေ့ နံနက် (၁၀၀၀)နာရီတွင် နေပြည်တော် ရုံးအမှတ်(၁၉) အစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင် များအသင်း ဥက္ကဋ္ဌ ဦးလဖိုင်ခွန်

ဝန်ကြီးဌာနသတင်းများ သတင်း
6-Jade

သတင်းစဉ်

နေပြည်တော် (၁၅.၆.၂၀၂၁)

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သည် ၂၀၂၁ ခုနှစ်၊ ဇွန်လ (၁၅)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် နေပြည်တော် ရုံးအမှတ်(၁၉) အစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာနှင့် အဖွဲ့ဝင်များကို သီးခြားစီလက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့ လက်ခံတွေ့ဆုံခဲ့ရာတွင် ပြည်ထောင်စုဝန်ကြီးက တက်ရောက်လာကြသည့် ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင် လုပ်ငန်းရှင်များအနေဖြင့် ကျောက်မျက်ရတနာတူးဖော်ခြင်းလုပ်ငန်းနှင့် ဓာတ်သတ္တုများ တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းကို အထူး အလေးထား လိုက်နာဆောင်ရွက်ရမည်ဖြစ်ကာ သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန်ဖြစ်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး စီမံခန့်ခွဲမှု အစီအစဉ် (Environmental Management Plan, EMP)နှင့် ပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာလေ့လာ ဆန်းစစ်ချက် (Environmental Impact Assessment, EIA)တို့လည်း အကောင်အထည်ဖော် ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ လူမှုရေးဆိုင်ရာတာဝန်ယူမှု (Corporate Social Responsibility, CSR) များကိုလည်း အလေးအနက် ထားလိုက်နာ ပံ့ပိုးကူညီဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ ကျောက်မျက်ရတနာနှင့် ဓာတ်သတ္တု တူးဖော်မှုလုပ်ငန်းများတွင် မတော်တဆ ဘေးအန္တရာယ်များ ဖြစ်ပေါ်မှု မရှိစေရေး (Emergency Response Plan) များ ရေးဆွဲထားရှိဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊ Responsible Mining အနေဖြင့် ဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ မိမိဆောင်ရွက်နေသည့် လုပ်ငန်းများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ Environmental, Social နှင့် Governance (ESG) တို့ကို အလေးထား ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ကျောက်မျက်ရတနာနှင့် ဓာတ်သတ္တု လုပ်ငန်းများမှ ထုတ်ကုန်များကို Value Added တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ် နိုင်သည်အထိ ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊ အသင်းအဖွဲ့များတွင် ပါဝင် ကြသူများသည် ကောင်းမွန်သော စိတ်ထားနှင့် ကောင်းမွန်သော ကိုယ်ကျင့်တရား ရှိကြသူများဖြစ်ရန် အထူး အရေးကြီးပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း နှင့် မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များ အသင်းချုပ်တို့နှင့် ပူးပေါင်း၍ ဖွံ့ဖြိုးတိုးတက်အောင် ကူညီ ဆောင်ရွက်ပေးရန် အမြဲအသင့်ရှိပါကြောင်း ပြောကြားပါသည်။

ထို့နောက် တက်ရောက်လာကြသည့် အသင်းများမှ ဥက္ကဋ္ဌများနှင့် အသင်းဝင်လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

2-3 5-Jade 4-Jade 3-Jade