The Republic of the Union of Myanmar EN | MM
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

Government of Myanmar

April 28, 2022

မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း ၄၅၇ တွဲ ရောင်းချနိုင်ခဲ့

ဝန်ကြီးဌာနသတင်းများ သတင်း
12-3-2048x1365

(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့ကို ယနေ့တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။

          နံနက်ပိုင်းမှ စတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည်  မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများနှင့် ခန်းမ အပြင်ဘက် သတ်မှတ်နေရာများအလိုက်  ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲ များကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။

          ယနေ့ပြပွဲတွင် ကျောက်စိမ်းအတွဲအမှတ် (၇၀၁) မှ (၁၄၀၀) အထိ အတွဲပေါင်း ၇၀၀ အား ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း ၄၅၇ တွဲ ရောင်းချနိုင်ခဲ့ကြောင်း ကြေညာ သည်။

          ထို့နောက်ပြပွဲသတ္တမနေ့တွင် ရောင်းချမည့် ကျောက်စိမ်းအတွဲအမှတ် (၁၄၀၁) မှ (၂၀၀၀)အထိ ကျောက်စိမ်းအတွဲများကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။

          ယင်းနောက် ကျောက်စိမ်းအတွဲအမှတ် (၁၄၀၁) မှ (၂၀၀၀) အထိ တင်သွင်းထား သည့် ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက မွန်းလွဲ ၃ နာရီတွင် ပိတ်သိမ်း ပြီး တင်ဒါပုံးများကို ဖွင့်ဖောက်စစ်ဆေးကာ ဧပြီ ၂၈ ရက် နံနက် ၈ နာရီတွင် ရောင်းချရ သည့် ကျောက်စိမ်းအတွဲများအား‌ ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

          ယခင်ရက်ပြပွဲများတွင် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ပုလဲအတွဲပေါင်း ၃၃၀ ကို ဧပြီ ၂၃ ရက်မှ ၂၄ ရက်အထိ ရောင်းချပေးခဲ့ရာ ပုလဲအတွဲပေါင်း ၃၃၀ ကို လည်းကောင်း၊ ကျောက်မျက်အတွဲပေါင်း ၁၂၀ ကို ဧပြီ ၂၅ ရက်တွင် ရောင်းချပေးခဲ့ရာ ကျောက်မျက်အတွဲပေါင်း ၅၄ တွဲကို လည်းကောင်း၊ ကျောက်စိမ်းအတွဲ ၂၀၀၀ အနက် ကျောက်စိမ်းအတွဲ ၁ မှ ၇၀၀ အထိ အတွဲပေါင်း ၇၀၀ ကို ဧပြီ ၂၆ ရက်တွင် ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲ ၅၂၃ တွဲကို လည်းကောင်း ရောင်းချပေးနိုင်ခဲ့သည်။

          ယခုကဲ့သို့ ပြပွဲများ ကျင်းပကာ မြန်မာ့ကျောက်မျက်ရတနာများကို ရောင်းချခြင်း ဖြင့် ကျောက်မျက်ရတနာ ရောင်းဝယ်သူများအတွက် ငွေကြေးလည်ပတ်ခြင်း၊ ကျောက်မျက်ရတနာ အချောထည်လုပ်ကိုင်သူများအတွက် ကုန်ကြမ်းရရှိခြင်းနှင့် ကျောက်မျက်ကဏ္ဍမှ လုပ်သားများအတွက် အလုပ်အကိုင်များ အဆင်ပြေခြင်းစသည့် အခွင့်အလမ်းများကိုလည်း ရရှိနိုင်မည်ဖြစ်သည်။

          ထို့ပြင် ယခုကျင်းပပြုလုပ်သည့် (၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲကို နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရရှိရန်နှင့် နိုင်ငံသားများအတွက် စီးပွားရေး အကျိုးဖြစ်ထွန်းမှုများ ရရှိနိုင်စေရန်အတွက် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟို ကော်မတီ၏ စီစဉ်မှုဖြင့် ဧပြီ ၂၂ ရက်မှ ၂၈ ရက်အထိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပနေခြင်းဖြစ်ကြောင်း သိရသည်။

1-7-1536x1081 2-5-1536x1392 3-9-1536x907 5-8-1536x726 6-7-1536x878 7-7-1536x873 8-7-1536x1169 9-5-1536x1016 10-4-1536x1101 11-3-1536x728