The Republic of the Union of Myanmar EN | MM
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

Government of Myanmar

September 30, 2022

ရွှေစင်တုံးနှင့်ရွှေစင်ခဲ သုံးပိဿာစီကို ဈေးပြိုင်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်

သတင်း
gold28-9-2022news

(နေပြည်တော်   စက်တင်ဘာလ  ၂၈  ရက်)

          ရွှေစင်တုံးနှင့်ရွှေစင်ခဲ သုံးပိဿာစီကို စက်တင်ဘာ ၂၉ ရက် မွန်းလွဲပိုင်း ၁ နာရီမှ ၃ နာရီ အတွင်း သတ်မှတ်ထားသောတင်ဒါပုံစံဖြည့်စွက်လျက် ဈေးပြိုင်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ ရွှေစင်တုံးနှင့်ရွှေစင်ခဲ (၃)ပိဿာ စီကို ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းမရှိ မြန်မာ့ ကျောက်မျက်ရတနာပြတိုက်(ရန်ကုန်) နှင့် မန္တလေးမြို့ (၂၆) လမ်းနှင့် (၆၆) လမ်းထောင့်ရှိ Star Mart Mandalay တို့တွင် ရောင်းချသွားမည်ဖြစ်ကြောင်း၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း နေပြည်တော်(ရုံးချုပ်)၊ မြန်မာ့ကျောက်မျက်ရတနာပြတိုက်(ရန်ကုန်)နှင့် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း(မန္တလေးစခန်းရုံး) တို့တွင် အသေးစိတ် အချက်အလက်များကို စုံစမ်းနိုင်ကြောင်း၊ အလားတူ ရွှေဒင်္ဂါးပြားများ ရောင်းချခြင်းကိုလည်း ယခင်အတိုင်း ဆက်လက်ရောင်းချပေးသွားမည် ဖြစ်ပါသည်။