The Republic of the Union of Myanmar EN | MM
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

Government of Myanmar

November 24, 2021

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား

ဝန်ကြီးဌာနသတင်းများ သတင်း
KSW7277-2048x1463

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ၏ (၁၅)ကြိမ်မြောက် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားနှင့် သတ္တုရေးရာ၏ (၃၁)ကြိမ်မြောက် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက် တနင်္လာနေ့ နံနက်(၅:၃၀)နာရီအချိန်တွင်  ရုံးအမှတ်(၂၈)ရှိ ကျွန်းရွှေဝါခန်းမ၌ လည်းကောင်း၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ရုံးအမှတ်(၁၉)ရှိ သီရိရတနာခန်းမ၌ လည်းကောင်း Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ရာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းမင်းဦး၊ အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်းနှင့် ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာန/ လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများ ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

            အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိတ်သတ်များက “နမောတဿ” သုံးကြိမ် ရွတ်ဆို၍ အခမ်းအနား ဖွင့်လှစ်ခဲ့ပြီး တပ်ကုန်းမြို့၊ ပဏ္ဍိတာရာမစာသင်တိုက် ဆရာတော်ထံမှ ငါးပါး သီလခံယူခြင်း၊  သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ  တပ်ကုန်းမြို့၊ ပဏ္ဍိတာရာမစာသင်တိုက် ဆရာတော်အား ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ တပ်ကုန်းမြို့၊ ဂိုဏ်းထောက်ပရိယတ္တိစာသင်တိုက် ဆရာတော်အား နဝကမ္မဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်း များ ဆက်ကပ်လှူဒါန်းခြင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊  ဦးဆောင်ညွှန်ကြားရေးမှူးများမှ ပျဉ်းမနားမြို့၊ အောင်သိဒ္ဒိကျောင်းတိုက် ဆရာတော်နှင့် ကျန်ရှိသော ဆရာတော် သံဃာတော်များအား နဝကမ္မ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ ထို့နောက်  တပ်ကုန်းမြို့၊ ပဏ္ဍိတာရာမ စာသင်တိုက် ဆရာတော်အမှူးပြုသော ဆရာတော် သံဃာတော်များမှ ပရိတ်တရား၊ “အနုမောဒနာ” တရားများ ချီးမြှင့်ခဲ့ပြီး ရေစက်သွန်းချ အမျှပေးဝေကာ “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး ကြွရောက်လာသော ဆရာတော် သံဃာတော်များကို နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

KSW7257-1536x1097 KSW7439-1536x1097 KSW7481-1536x1097 1-1 3-1 4-1 5-1 6 7 8 10 (1) 9 0