The Republic of the Union of Myanmar EN | MM
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

Government of Myanmar

April 17, 2022

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်း ပရိတ်တရားတော်နာယူပွဲကျင်းပ (၁၇-၄-၂၀၂၂) တနင်္ဂနွေနေ့

ဝန်ကြီးဌာနသတင်းများ သတင်း
Myanmar-New-Year-1-2048x1365

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တန်ခူးလပြည့်ကျော်(၂)ရက်၊ ခရစ်သက္ကရာဇ် ၂၀၂၂ ခုနှစ်၊ ဧပြီလ(၁၇)ရက်(တနင်္ဂနွေနေ့) သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့အား အမှူးထား၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ၁၃၈၄ ခုနှစ်၊ နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်းပရိတ်တရားတော် နာယူပွဲအခမ်းအနားကို နေ့လည်(၁၃:၀၀)နာရီအချိန်တွင် နေပြည်တော်ရှိ ရုံးအမှတ်(၁၉)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် တက်ရောက်လာသူများက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဖွင့်လှစ် ပြီး နေပြည်တော် အောင်သိဒ္ဓိကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ ကြပါသည်။

ထို့နောက် တက်ရောက်လာသည့် ဌာနအကြီးအကဲများက အောင်သိဒ္ဓိကျောင်းတိုက် ဆရာတော်အမှူးပြုသော ဆရာတော်၊ သံဃာတော်များအား သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ဆရာတော်၊ သံဃာတော်များမှ “အနုမောဒနာ” တရားများ ချီးမြှင့်ခြင်း နှင့် ရေစက်သွန်းချအမျှပေးဝေးခြင်း၊ အောင်သိဒ္ဓိကျောင်းတိုက် ဆရာတော်အမှူးပြုသော ဆရာတော်၊ သံဃာတော်များမှ အန္တရာယ်ကင်း ပရိတ်တရားတော်များနှင့် ကမ္မဝါဇာများ ရွတ်ဖတ်သရဇ္စုာယ်ခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

၎င်းနောက် “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ ကြောင်းသိရှိရပါသည်။

Myanmar-New-Year-2-1536x1024 Myanmar-New-Year-3-1536x1024 Myanmar-New-Year-4-1536x1024 Myanmar-New-Year-5-1536x1024 Myanmar-New-Year-6-1536x1024 Myanmar-New-Year-7-1536x1024 Myanmar-New-Year-8-1536x1024 Myanmar-New-Year-9-1536x1024