The Republic of the Union of Myanmar EN | MM
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

Government of Myanmar

April 8, 2022

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့ရိုးရာ အတာသင်္ကြန်ကျင်းပ

ဝန်ကြီးဌာနသတင်းများ သတင်း
Mining-Thingyan-4-2048x1365

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်မှ ၁၃၈၄ ခုနှစ်သို့ ကူးပြောင်းသည့် အချိန်အခါသမယကို ကြိုဆိုသောအားဖြင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ထမ်း မိသားစု မြန်မာ့ရိုးရာအတာသင်္ကြန်ရေပက်ဖြန်းခြင်း၊ စတုဒီသာ ဧည့်ခံကျွေးမွေးခြင်း၊ သင်္ကြန် တေးသီချင်း အကအလှများဖြင့် ဖျော်ဖြေခြင်း ပျော်ပွဲရွှင်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဧပြီလ(၈) ရက်နေ့ နေ့လည်(၁၄:၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁၉)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ဌာနအကြီးအကဲများက မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်မှ ၁၃၈၄ ခုနှစ် သို့ကူးပြောင်းသည့် မြန်မာ့ရိုးရာအတာသင်္ကြန် ကြိုဆိုသည့်ပွဲ ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများအနေဖြင့် မင်္ဂလာရှိသော ၁၃၈၄ ခုနှစ် နှစ်သစ်တွင် ပျော်ရွှင်ကျန်းမာ ကြပါစေကြောင်း၊ စိတ်သစ်ကိုယ်သစ်ဖြင့် နိုင်ငံ့တာဝန်များ၊ မိသားစုတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်သူများ ဖြစ်ကြပါစေကြောင်း၊ ကပ်ရောဂါဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးပြီး ချမ်းသာသုခနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်းမေတ္တာများ ပို့သခဲ့ကြပါသည်။

ထို့နောက် ဌာနအကြီးအကဲများနှင့် ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများ၊ ဝန်ထမ်း မိသားစုများသည် သင်္ကြန်တေးသီချင်းများဖြင့် တွဲဖက်၍ ယိမ်းအကအလှများဖြင့် ဖျော်ဖြေ တင်ဆက်မှုများကို ကြည့်ရှုအားပေးကြပြီး စတုဒီသာဧည့်ခံကျွေးမွေးမှုများကို သုံးဆောင်ကာ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ အတာရေပက်ဖြန်း၍ ရင်းနှီးချစ်ခင်ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ ကြကြောင်း သိရှိရပါသည်။

Mining-Thingyan-1-1536x1152 Mining-Thingyan-2-1536x1152 Mining-Thingyan-3-1536x1024 Mining-Thingyan-5-1536x1024 Mining-Thingyan-6-1536x1024 Mining-Thingyan-7-1536x1024 Mining-Thingyan-8-1536x1024 Mining-Thingyan-9-1536x1024 Mining-Thingyan-10-1536x1024 Mining-Thingyan-11-1536x1024 Mining-Thingyan-12-1536x1024 Mining-Thingyan-13-1536x1024 Mining-Thingyan-14-1536x1024