The Republic of the Union of Myanmar EN | MM
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

Government of Myanmar

April 4, 2022

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဥပဒေဆိုင်ရာအခြေခံဆင့်ပွား သင်တန်းဖွင့်ပွဲ

ဝန်ကြီးဌာနသတင်းများ သတင်း
1-1-2048x1365

နေပြည်တော် (၄-၄-၂၀၂၂)

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဥပဒေဆိုင်ရာအခြေခံဆင့်ပွား သင်တန်းဖွင့်ပွဲကို ၂၀၂၂ ခုနှစ်၊ ဧပြီလ (၄)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် နေပြည်တော် ရုံးအမှတ်-၁၉ ရှိ သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းဦး နှင့် အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်း တို့ တက်ရောက်ကြည့်ရှု အားပေးပါသည်။
အဆိုပါသင်တန်းတွင် ပဋိညာဉ်၏ အခြေခံသဘောတရား၊ လုပ်ငန်းအပ်နှံခြင်းသဘောတူစာချုပ် များအကြောင်း၊ ပစ္စည်းဝယ်ယူရေးသဘောတူစာချုပ်များ၊ ပြင်ဆင်ချက်သဘောတူစာချုပ်နှင့် စာချုပ်ရပ်စဲခြင်းများ၊ Basic Principles of International Law, Introduction of the Law of Treaties, အာဆီယံပဋိညာဉ်စာတမ်း၊ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ အကြောင်း၊ Overview of the United Nations, International Human Rights Legal Instruments ၊ ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေး အခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် UPR ၊ နို့တစ်အကြောင်းသိကောင်းစရာများ၊ နို့တစ်စာ၊ ပြန်ကြားနို့တစ်စာ လက်တွေ့ရေးသားခြင်း၊ တရားစွဲရာဒေသနှင့် စီရင်ပိုင်ခွင့်များ၊ အဆိုအချေတို့ကို ပြင်ဆင်ခြင်း၊ အဆိုလွှာတွင် ပါဝင်ရမည့်အချက်များ၊ တရားပြိုင်က တင်သွင်းရမည့် ချေလွှာ အကြောင်းနှင့် ချေလွှာရေးသားရာတွင် ဂရုပြုရမည့် အချက်များ၊ အမှုသည်များ ထုတ်ပယ်ခြင်း/ ဖြည့်သွင်းခြင်း၊ စာရွက်စာတမ်းများ တောင်းယူကြည့်ရှုခြင်း၊ မေးခွန်းမေးမြန်းခြင်း/ အဆိုလွှာ ပြန်ပေးခြင်း/ပယ်ခြင်း၊ တရားပြိုင်လာရောက်ရန် ဆင့်ခေါ်ခြင်း၊ အမှုကြားနာခြင်း/သက်သေစစ်မေးခြင်း၊ စာရွက်စာတမ်းများ သက်သေခံတင်သွင်းခြင်း၊ စီရင်ချက်/ဒီကရီ/အမိန့်ချမှတ်ခြင်းနှင့် အတည်ပြုခြင်း၊ တရားမပြင်ဆင်မှု/ အယူခံမှု/ လွှဲအပ်မှု/ ပြန်လည်သုံးသပ်မှု/ ပိုနေမြဲကျားနေမြဲ လျှောက်ထားခြင်းတို့နှင့် ပတ်သက်သည့် ဥပဒေရေးရာကိစ္စများကို ဆွေးနွေးပို့ချခဲ့ပါသည်။
သင်တန်းသို့ ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာန/လုပ်ငန်းများမှ ဥပဒေဆိုင်ရာဌာနများတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှ (၄-၄-၂၀၂၂) ရက်နေ့မှ (၆-၄-၂၀၂၂) ရက်နေ့အထိ ဆွေးနွေးပို့ချမည်ဖြစ်ကာ သင်တန်းအား သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ရုံးအမှတ်-၁၉ ဝန်ကြီးရုံး၊ မူဝါဒနှင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်း စိစစ်ရေးနှင့် လုပ်ငန်းစစ်ဆေးရေးဌာနခွဲ နှင့် ဝန်ကြီးဌာန ဥပဒေဆိုင်ရာအကြံပေးအဖွဲ့တို့က ဦးဆောင်၍ ဆွေးနွေးပို့ချခဲ့ကြောင်း သိရှိရပါသည်။

3-3-1536x1024 8-1-1536x1024 7-1-1536x1024 6-1-1536x1024 5-2-1536x1024 4-1-1536x1024 3-2-1536x1024