The Republic of the Union of Myanmar EN | MM
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

Government of Myanmar

February 20, 2025

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (၁၇) ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ ၂၀-၂-၂၀၂၅ ၊ နေပြည်တော်

ဝန်ကြီးဌာနသတင်းများ

မြန်မာ့ဓလေ့ ရိုးရာယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ဝန်ထမ်း အချင်းချင်း မိသားစုစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ (၁၇) ကြိမ်မြောက်  မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ ဦးစီးရုံးချုပ်၊ ရုံး အမှတ် (၃၉) ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပြိုင်ပွဲဝင်အသင်းများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲအား ဖွင့်လှစ်ပေးပြီး ဦးစီး ဌာန၊ လုပ်ငန်းနှင့် တက္ကသိုလ်တို့မှ ပြိုင်ပွဲဝင်အသင်း ၁၂ သင်း၏ ထမနဲထိုး ယှဉ်ပြိုင်နေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးက ပြိုင်ပွဲတွင် ပထမဆုရရှိသော မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းအသင်းအားလည်းကောင်း၊ အမြဲတမ်းအတွင်းဝန်က ဒုတိယဆုရရှိသော မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းအသင်းအားလည်းကောင်း၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က တတိယဆုရရှိသော မြေတိုင်းဦးစီးဌာနအသင်းအားလည်းကောင်း ဂုဏ်ပြုဆု များ ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျန်အသင်းများအား နှစ်သိမ့်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်း ရရှိသည်။