The Republic of the Union of Myanmar EN | MM
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

Government of Myanmar

March 9, 2021

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန (သတ္တုရေးရာ)၏ (၁၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်ကြည့်ရှုအားပေး

ဝန်ကြီးဌာနသတင်းများ သတင်း

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန(သတ္တုရေးရာ)၏ (၁၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ၂၀၂၁ ခုနှစ်၊ မတ်လ(၉)ရက်နေ့ နေ့လည်(၀၂:၀၀) နာရီအချိန်တွင် နေပြည်တော် ရုံးအမှတ် (၁၉)ရှေ့ရှိ ကွင်းပြင်၌ ကျင်းပပြုလုပ်ရာ Coronavirus Diseade 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များ၊ သတိပေးချက်၊ စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်အားပေး ကြည့်ရှုခဲ့ပါသည်။

ရှေးဦးစွာ ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာန/ လုပ်ငန်း များမှ ပြိုင်ပွဲဝင် အရာထမ်း/အမှုထမ်းများ၏ ထမနဲထိုးပြိုင်ပွဲ ပါဝင် ယှဉ်ပြိုင်ရန် ဆောင်ရွက်နေမှုများကို ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူများက စစ်ဆေး ကြည့်ရှုခဲ့ပြီး စတင်ယှဉ်ပြိုင်စေခဲ့ရာ ဝန်ထမ်းများမှ အကြိတ်အနယ် ပါဝင်ဆင်နွဲခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ပထမဆုရရှိသည့် အမှတ်(၂)သတ္တုတွင်းလုပ်ငန်း အသင်းအား လည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက ဒုတိယဆုရရှိသည့် မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်း အသင်းအား လည်းကောင်း၊ တာဝန်ရှိသူများမှ တတိယဆုနှင့် နှစ်သိမ့်ဆု ရရှိခဲ့သူများကို ဆုများချီးမြှင့်ပေးခဲ့ကြောင်းနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန(သတ္တုရေးရာ)အနေဖြင့် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ(၁၃)ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း သိရှိရပါသည်။