The Republic of the Union of Myanmar EN | MM
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

Government of Myanmar

June 14, 2022

အရှေ့ဖျားအာရှနှင့်အရှေ့တောင်အာရှနိုင်ငံများ၏ဘူမိသိပ္ပံဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (CCOP) ၏ (၇၈) ကြိမ်မြောက် ဦးဆောင်ကော်မတီအစည်းအဝေး (The 78th CCOP Steering Committee Hybrid Meeting)နှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်ပြီးစီးခြင်း

သတင်း
1

အရှေ့ဖျားအာရှနှင့် အရှေ့တောင်အာရှနိုင်ငံများ၏ ဘူမိသိပ္ပံဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးကော်မတီ (Coordinating Committee for Geoscience Programmes in East and South East Asia (CCOP) ၏ (၇၈)ကြိမ်မြောက် ဦးဆောင်ကော်မတီအစည်းအဝေး (The 78th CCOP Steering Committee Hybrid Meeting) နှင့် ဆက်စပ်အစည်းအဝေးများအား (၃၀-၅-၂၀၂၂) မှ (၂-၆-၂၀၂၂)ထိ အလှည့်ကျအိမ်ရှင်ဖြစ်သော မွန်ဂိုလီးယားနိုင်ငံ အူလန်ဘာတာ (Ulaanbaatar) မြို့တွင်ကျင်းပရာ CCOP အဖွဲ့ဝင်မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသက်တင်ညွန့်မှ တက်ရောက် ခဲ့ပြီး Online မှတစ်ဆင့် Virtual ဖြင့် ဌာနမှအရာထမ်းများလည်း တက်ရောက်ခဲ့ကြပါသည်။

CCOP သည် ဘူမိသိပ္ပံဆိုင်ရာ နယ်ပယ်တွင် အကြံပေးအဖွဲ့ဝင်နိုင်ငံများနှင့် အဖွဲ့ဝင် နိုင်ငံများအတွင်း ဓာတ်သတ္တုကဏ္ဍ၊ ဘူမိဘေးအန္တရာယ်လျော့ချရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ မြေအောက်ရေကဏ္ဍနှင့် မြို့ပြဖွံ့ဖြိုးမှုဆိုင်ရာ ဘူမိဗေဒကဏ္ဍတို့ကို စဉ်ဆက်မပြတ် ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့် ပါဝင်တက်ရောက်ဆွေးနွေးခြင်းအားဖြင့် သုတေသန လုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်လျှော့ချရေး အစီအမံများစသော ဘူမိသိပ္ပံဆိုင်ရာများကို ပိုမိုသိရှိနိုင်ခြင်းနှင့် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ခြင်းများဖြင့် အကျိုးကျေးဇူးများ ရရှိနိုင်ပြီး ယခုကျင်းပသည့် အစည်းအဝေးတွင် ဒေသတွင်း ဘူမိသိပ္ပံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အစီအစဉ်များ ပါဝင်ရန် အာဆီယံနိုင်ငံများ တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံတို့မှ အဆင့်မြင့် အရာရှိများနှင့် နိုင်ငံတကာမှ ဘူမိသိပ္ပံဆိုင်ရာကျွမ်းကျင်ပညာရှင်ကိုယ်စားလှယ် စုစုပေါင်း(၆၆) ဦး တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။