The Republic of the Union of Myanmar EN | MM
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

Government of Myanmar

November 23, 2021

အရှေ့ဖျားအာရှနှင့် အရှေ့တောင်အာရှနိုင်ငံများ၏ ဘူမိသိပ္ပံဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးကော်မတီ အစည်းအဝေးများအား မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် ဒေါက်တာ သက်တင်ညွန့်နှင့် ဌာနအကြီး အကဲများတက်ရောက်

ဝန်ကြီးဌာနသတင်းများ သတင်း
1

အရှေ့ဖျားအာရှနှင့် အရှေ့တောင်အာရှနိုင်ငံများ၏ ဘူမိသိပ္ပံဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ (Coordinating Committee for Geoscience Programmes in East and South East Asia (CCOP) ၏ (၅၇)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးနှင့် (၇၇) ကြိမ်မြောက် ဉီးဆောင် ကော်မတီအစည်းအဝေး (The 57th CCOP Annual Session and the 77th CCOP steering Committee Meeting) နှင့် ဆက်စပ်အစည်းအဝေးများအား (၂၃-၁၁-၂၀၂၁)ရက်နေ့မှ  (၂၅-၁၁-၂၀၂၁) ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ CCOP ရုံးချုပ်နှင့် ဗီယမ်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တို့မှ Virtual ဖြင့် ကျင်းပရာ CCOP အဖွဲ့ဝင် မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသက်တင်ညွန့်နှင့် ဌာနအကြီးအကဲများ ပါဝင် တက်ရောက် ဆွေးနွေးခဲ့ကြ ပါသည်။

CCOP သည် ဘူမိသိပ္ပံဆိုင်ရာနယ်ပယ်တွင် အကြံပေးအဖွဲ့ဝင်နိုင်ငံများနှင့် အဖွဲ့ဝင် နိုင်ငံများအတွင်း ဓာတ်သတ္တုကဏ္ဍ၊ ဘူမိဘေးအန္တရာယ်လျော့ချရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ မြေအောက်ရေကဏ္ဍနှင့် မြို့ပြဖွံ့ဖြိုးမှုဆိုင်ရာ ဘူမိဗေဒကဏ္ဍတို့ကို စဉ်ဆက်မပြတ် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့် ပါဝင်တက်ရောက် ဆွေးနွေး ခြင်းအားဖြင့် သုတေသနလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်လျှော့ချရေး အစီအမံများ စသော ဘူမိသိပ္ပံဆိုင်ရာများကို ပိုမိုသိရှိနိုင်ခြင်းနှင့် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းများဖြင့် အကျိုးကျေးဇူးများရရှိနိုင်ပြီး ယခုကျင်းပသည့် အစည်းအဝေး တွင် အစီအစဉ်ရှစ်ခုပါဝင်၍ နိုင်ငံတကာမှ ဘူမိသိပ္ပံဆိုင်ရာကျွမ်းကျင် ပညာရှင် ကိုယ်စားလှယ် စုစုပေါင်း (၉၉)ဦး ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရှိရ ပါသည်။

2-1536x1024 3-1536x1024 4-1536x1024 5-1536x1024 IMG_9311