The Republic of the Union of Myanmar EN | MM
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

Government of Myanmar

July 7, 2021

အရှေ့ဖျားအာရှနှင့် အရှေ့တောင်အာရှနိုင်ငံများ၏ ဘူမိသိပ္ပံဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ (Coordinating Committee for Geoscience Programmes in East and Southeast Asia-CCOP)၏ (၇၆)ကြိမ်မြောက် ဦးဆောင်ကော်မတီ အစည်းအဝေး (The 76th CCOP Steering Committee Meeting) သို့ မြန်မာနိုင်ငံဆိုင်ရာအမြဲတမ်းကိုယ်စားလှယ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသက်တင်ညွန့် ပါဝင်တက်ရောက်

ဝန်ကြီးဌာနသတင်းများ သတင်း
CCOP_76th

အရှေ့ဖျားအာရှနှင့် အရှေ့တောင်အာရှနိုင်ငံများ၏ ဘူမိသိပ္ပံဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ (Coordinating Committee for Geoscience Programmes in East and Southeast Asia-CCOP)၏ (၇၆)ကြိမ်မြောက် ဦးဆောင်ကော်မတီ အစည်းအဝေး (The 76th CCOP Steering Committee Meeting) ကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၇)ရက်နေ့ နေ့လည် (၁၂:၃၀)နာရီအချိန်မှ (၁၆:၃၀) နာရီအချိန်ထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ (CCOP)ရုံးချုပ်မှ Virtual Meeting ဖြင့် ကျင်းပပြုလုပ်ရာ (CCOP) အဖွဲ့ဝင် မြန်မာနိုင်ငံဆိုင်ရာအမြဲတမ်းကိုယ်စားလှယ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသက်တင်ညွန့် ပါဝင်တက်ရောက် ဆွေးနွေးခဲ့ပါသည်။

          (CCOP)သည် ဘူမိသိပ္ပံဆိုင်ရာနယ်ပယ်တွင် အကြံပေးအဖွဲ့ဝင်နိုင်ငံများနှင့် အဖွဲ့ဝင်နိုင်ငံများအတွင်း ဓာတ်သတ္တုကဏ္ဍ၊ ဘူမိဘေးအန္တရာယ် လျော့ချရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍနှင့် မြေအောက်ရေကဏ္ဍတို့အား စဉ်ဆက်မပြတ် ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့် ပါဝင်တက်ရောက် ဆွေးနွေးခြင်းအားဖြင့် သုတေသနလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ် လျော့ချရေး အစီအမံများ စသော ဘူမိသိပ္ပံဆိုင်ရာများကို သိရှိနိုင်ခြင်းနှင့် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက် ခြင်းများဖြင့် အကျိုးကျေးဇူးများ ရရှိနိုင်ပြီး ယခုကျင်းပပြုလုပ်သည့် အစည်းအဝေးတွင် အစီအစဉ်(၇)ခု ပါဝင်၍ နိုင်ငံတကာမှ ဘူမိသိပ္ပံဆိုင်ရာ ကျွမ်းကျင်ပညာရှင် (CCOP Technical Secretariat) ကိုယ်စားလှယ် စုစုပေါင်း (၆၆)ဦး ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။