The Republic of the Union of Myanmar EN | MM
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

Government of Myanmar

October 31, 2022

၂၀၂၂ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများအား ဂုဏ်ပြုဆုငွေ၊ ဝန်ထမ်းဝတ်စုံများ ပေးအပ်ချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနား ကျင်းပ

ဝန်ကြီးဌာနသတင်းများ သတင်း
KAT_8903

(မဏိရတနာ ကျောက်စိမ်းခန်းမ၊ နေပြည်တော် ၃၀-၁၀-၂၀၂၂)

          ၂၀၂၂ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်း များအား ဂုဏ်ပြုဆုငွေ၊ ဝန်ထမ်းဝတ်စုံများ ပေးအပ်ချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီနာယက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။

          ပြည်ထောင်စုဝန်ကြီးက ၂၀၂၂ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲကို အောက်တိုဘာလ (၁၉)ရက်နေ့မှ (၂၅)ရက်နေ့အထိ မဏိရတနာကျောက်စိမ်းခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ ကြောင်း၊ ယခုပြပွဲသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက် စတုတ္တအကြိမ်မြောက် ကျင်းပပြုလုပ်ခဲ့သည့်ပွဲဖြစ်ပြီး ပုလဲအတွဲ(၃၆၂)တွဲ၊ ကျောက်မျက်အတွဲ (၅၅)တွဲနှင့် ကျောက်စိမ်း အတွဲ (၁၈၃၆)တွဲကို အောင်မြင်စွာ ရောင်းချနိုင်ခဲ့ကြောင်း၊ တာဝန် ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများအနေဖြင့် ပြပွဲအကြို ကာလ၊ ပြပွဲကျင်းပစဉ် ကာလနှင့် ပြပွဲကျင်းပပြီး ကာလအတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းများကို စီမံချက်ပါအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြပွဲတွင် ရောင်းချခဲ့သည့် ပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်း အတွဲများကို ဝယ်ယူရရှိခဲ့သည့် နိုင်ငံသား ရတနာကုန်သည်များအနေဖြင့် တန်ဖိုးမြှင့်ထုတ်ကုန် (Value Added) ထုတ်လုပ်စေခြင်းဖြင့် အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေး (MSME)လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရေး အလေးထားဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများမှ တာဝန်ရှိသူများက ကူညီပံ့ပိုးဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ ပြပွဲတွင် တက်ကြွစွာ တာဝန်ထမ်းဆောင်ခဲ့သော ဝန်ထမ်းများနှင့် တာဝန်ရှိသူများကို အထူးကျေးဇူးတင် ဂုဏ်ပြု အပ်ပါကြောင်း ပြောကြားသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းနှင့် မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းတို့မှ ဝန်ထမ်းများအား ဂုဏ်ပြုဆုချီးမြှင့်ငွေများအား လည်းကောင်း၊ ဒုတိယဝန်ကြီးက ဝန်ထမ်းဝတ်စုံများအားလည်းကောင်း ပေးအပ်ချီးမြှင့်ပြီး ဝန်ထမ်းများ အား ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

          အဆိုပါ အခမ်းအနားသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြား ရေးမှူးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် တာဝန် ထမ်းဆောင်ခဲ့ကြသည့် အရာထမ်း/အမှုထမ်း (၅၀၀)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိသည်။

KAT_8869 KAT_8893 KAT_8908 KAT_8912 KAT_8918 KAT_8921