The Republic of the Union of Myanmar EN | MM
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

Government of Myanmar

October 24, 2022

၂၀၂၂ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့ကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပ

ဝန်ကြီးဌာနသတင်းများ သတင်း
KYI_3815

၂၀၂၂ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့ကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။

နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများ၊ ကျောက်မျက် အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာ များအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်း အရိုင်းတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။

ယနေ့ပြပွဲတွင်ရောင်းချမည့် ကျောက်မျက်အတွဲအမှတ် ၁ မှ အတွဲအမှတ် ၁၂၀ အထိ ကျောက်မျက် အတွဲများကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်း တင်သွင်းလွှာများကို တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။

ထို့နောက် ကျောက်မျက်အတွဲအမှတ် ၁ မှ အတွဲအမှတ် ၁၂၀ အထိ တင်သွင်းထားသော ဈေးနှုန်း တင်သွင်းလွှာများကို တာဝန်ရှိသူများက တင်ဒါအမှတ် ၁ နှင့် တင်ဒါအမှတ် ၂ ထဲသို့ ထည့်သွင်းပြီး နံနက် ၉ နာရီတွင် ဖွင့်ဖောက်စစ်ဆေးကာ ကျောက်မျက်အတွဲပေါင်း (၅၅)တွဲ ရောင်းချရကြောင်း ကြေညာသည်။

ပြပွဲပဉ္စမနေ့တွင် ကျောက်စိမ်းအတွဲအမှတ် ၁ မှ အတွဲအမှတ် ၇၅၀ ကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုကျင်းပပြုလုပ်သည့် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မဏိရတနာ ကျောက်စိမ်းခန်းမ၌ အောက်တိုဘာ ၁၉ ရက်မှ စတင်၍ ၂၅ ရက်အထိ ကျင်းပနေခြင်း ဖြစ်ပြီး ပြပွဲတွင် ပုလဲအတွဲပေါင်း ၄၀၀ အနက်မှ စုစုပေါင်း ပုလဲအတွဲပေါင်း ၃၆၂ တွဲနှင့် ကျောက်မျက်အတွဲ ၁၂၀ အနက်မှ အတွဲပေါင်း ၅၅ တွဲ ရောင်းချခဲ့ရပြီး ကျောက်စိမ်းအတွဲ ၂၁၅၀ တို့ကို၂၃ ရက်မှ ၂၅ ရက်နေ့များတွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များကို ဆက်လက် ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ထိုသို့ ရောင်းချရာ၌ ကျောက်မျက်အတွဲများနှင့်ကျောက်စိမ်းအတွဲများကို ကြမ်းခင်း ဈေး ယူရိုငွေဖြင့် သက်မှတ်ထားပြီး ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအနေဖြင့် ငွေပေးချေရာတွင် အမေရိကန် ဒေါ်လာ၊ ယူရို၊ ယွမ်၊ ဘတ် နှင့် ကျပ်ငွေများဖြင့် ပေးချေနိုင်ကြောင်း သိရသည်။

DSC_2530 DSC_2872-1 KYI_3793