The Republic of the Union of Myanmar EN | MM
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

Government of Myanmar

October 26, 2022

၂၀၂၂ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အောင်မြင်စွာ ကျင်းပ ပြီးစီး

ဝန်ကြီးဌာနသတင်းများ သတင်း မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း
IMG_20221025_085438-01-01

၂၀၂၂ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပိတ်ပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။

ယနေ့ပြပွဲတွင် ရောင်းချသည့် ကျောက်စိမ်းအတွဲအမှတ် (၁၅၀၁) မှ အတွဲအမှတ် (၂၁၅၀) အတွက် တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးရာ ကျောက်စိမ်းအတွဲပေါင်း (၅၁၉) တွဲ ရောင်းချရကြောင်း ကြေညာသည်။

နှစ်လယ်မြန်မာ့ကျေက်မျက်ရတနာပြပွဲတွင် ပြည်တွင်း၊ ပြည်ပရတနာကုန်သည် ၂၉၆၀ ဦးအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပုလဲအတွဲပေါင်း ၄၀၀ ကို အောက်တိုဘာ ၂၀ ရက်မှ ၂၁ ရက်အထိ ရောင်းချပေးခဲ့ရာ ပုလဲအတွဲပေါင်း ၃၆၂ တွဲကိုလည်းကောင်း၊ ကျောက်မျက်အတွဲပေါင်း ၁၂၀ ကို အောက်တိုဘာ ၂၂ ရက်တွင် ရောင်းချပေးခဲ့ရာ ကျောက်မျက်အတွဲပေါင်း ၅၅ တွဲကို လည်းကောင်း၊ ကျောက်စိမ်းအတွဲပေါင်း ၂၁၅၀ ကို အောက်တိုဘာ ၂၃ ရက်မှ ၂၅ ရက်အထိ ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲ (၁၈၃၆) တွဲကိုလည်းကောင်း ရောင်းချပေးနိုင်ခဲ့သည်။

ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များက ပြပွဲတွင်ဝယ်ယူခွင့်ရရှိခဲ့သော ကျောက်အတွဲများအတွက် တန်ဖိုးငွေများကို အရောင်းအဝယ်စာချုပ်တွင် သတ်မှတ်ထားသည့် ရက်ပေါင်း (၆၀) အတွင်း ပေသွင်းရမည်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ပြပွဲများကျင်းပကာ မြန်မာ့ကျောက်မျက်ရတနာများကို ရောင်းချခြင်းဖြင့် ကျောက်မျက်ရတနာ ရောင်းဝယ်သူများအတွက် ငွေကြေးလည်ပတ်ခြင်း၊ ကျောက်မျက်ရတနာအချောထည် လုပ်ကိုင်သူများအတွက် ကုန်ကြမ်းရရှိခြင်းနှင့် ကျောက်မျက်ကဏ္ဍမှ လုပ်သားများအတွက် အလုပ်အကိုင်များအဆင်ပြေခြင်း စသည့် အခွင့်အလမ်း များလည်း ရရှိမည်ဖြစ်ကြောင်း သိရသည်။

HNN6129 DSC_2631 IMG_20221025_091150-01