The Republic of the Union of Myanmar EN | MM
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

Government of Myanmar

April 24, 2022

(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ဆက်လက်ကျင်းပ ယနေ့တွင် ပုလဲအတွဲ ၁၁၀ ရောင်းချရပြီး တင်ပြသည့်ပုလဲအတွဲအားလုံးရောင်းချရ

ဝန်ကြီးဌာနသတင်းများ သတင်း
5-5

(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ယနေ့အတွက် ပုလဲတင်ဒါ အမှတ် (၃) မှ ပုလဲအတွဲ ၁၁၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ ပုလဲအတွဲ အားလုံးရောင်းချရခြင်း ဖြစ်သည်။

          အလားတူ ဧပြီ ၂၃ ရက်တွင်လည်း ပုလဲတင်ဒါအမှတ် (၁) မှ ပုလဲအတွဲ ၁၁၀ တွဲနှင့် ပုလဲတင်ဒါအမှတ် (၂) မှ ပုလဲအတွဲ ၁၁၀ တို့ကိုလည်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ ပုလဲအတွဲ ၂၂၀ တွဲ ရောင်းချရသဖြင့် ယခု (၅၇) ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာပြပွဲတွင် တင်ပြသည့် ပုလဲအတွဲ ၃၃၀ တွဲ ရောင်းချရကြောင်း သိရသည်။

          ပြပွဲ တတိယနေ့ဖြစ်သည့် ယနေ့နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာ ကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်းအတွဲများ၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက် လေ့လာကြည့်ရှုကြပြီး ရောင်းချမည့် ပုလဲအတွဲအမှတ် (၃) မှ ပုလဲအတွဲ အမှတ် (၂၂၁ မှ ၃၃၀) ကို မွန်းတည့် ၁၂ နာရီတွင် ဖွင့်ဖောက်စစ်ဆေးရောင်းချရာ တင်ပြ ထားသည့် ပုလဲအတွဲ ၁၁၀ ကို ရောင်းချရကြောင်း ကြေညာသဖြင့် တင်ပြသည့် ပုလဲ အတွဲအားလုံး ရောင်းချရကြောင်း သိရသည်။

          ယခုပြပွဲတွင် ပုလဲအတွဲများကို အမေရိကန်ဒေါ်လာဖြင့် ကြမ်းခင်းဈေးသတ်မှတ် ထားရှိပြီး ငွေပေးချေရာတွင် ပြည်ပရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယွမ်၊ ကျပ်ငွေ တို့ဖြင့် ပေးချေရမည်ဖြစ်ပြီး ကျောက်မျက်၊ ကျောက်စိမ်းအတွဲများကို ယူရိုငွေ ဖြင့် ကြမ်းခင်းဈေးသတ်မှတ်ထားရှိကာ ရတနာကုန်သည်များအနေဖြင့် အမေရိကန် ဒေါ်လာ၊ ယူရို၊ ယွမ်ငွေ တို့ဖြင့် ပေးချေသွားရမည်ဖြစ်ကြောင်း သိရသည်။

          ယခု ကျင်းပသည့် (၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ပုလဲ အတွဲ ၃၃၀ ကိုတင်ပြခဲ့ရာ ပုလဲအတွဲအားလုံးကိုရောင်းချခဲ့ရကြောင်းနှင့် ပြပွဲစတုတ္ထနေ့ တွင် ဧပြီ ၂၂ ရက်မှ ၂၄ ရက်အထိ ခင်းကျင်းပြသထားသည့် ကျောက်မျက်အတွဲ ၁၂၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်သည်။

          အလားတူ ကျောက်စိမ်းအတွဲ ၂၀၀၀ ကို ဧပြီ ၂၂ ရက်မှ ၂၅ ရက်အထိ ခင်းကျင်း ပြသပြီး ဧပြီ ၂၆ ရက်မှ ၂၈ ရက်အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက် ရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။

2-1536x1094 3-6 6-4-1536x1024 7-4-1536x1024 8-4-1536x1024 9-2-1536x1024 11-1536x1024 12-1536x1024