The Republic of the Union of Myanmar EN | MM
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

Government of Myanmar

April 23, 2022

(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့ဆက်လက်ကျင်းပ ယနေ့တွင် ပုလဲအတွဲ ၂၂၀ ရောင်းချနိုင်ခဲ့

ဝန်ကြီးဌာနသတင်းများ သတင်း
6-3-2048x1359

(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။

          နံနက်ပိုင်းမှ စတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်း ပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက် လေ့လာကြည့်ရှုခဲ့ကြပြီး ရတနာ ကုန်သည်များသည် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည့်ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။

          ၂၀၂၂ ခုနှစ် (၅၇) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် တင်ပြ ရောင်းချမည့် ပုလဲအတွဲ ၃၃၀ အနက်မှ  ဧပြီ ၂၃ ရက်တွင် ပုလဲတင်ဒါအမှတ် (၁) မှ (၁၁၀) တွဲ၊ တင်ဒါအမှတ် (၂) မှ ၁၁၀ တွဲ စုစုပေါင်း ပုလဲအတွဲ ၂၂၀ တွဲကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် တင်ပြရောင်းချခဲ့ရာ ၂၂၀ တွဲကို ရောင်းချခဲ့ပြီး ဧပြီ ၂၄ ရက်တွင် ပုလဲ တင်ဒါအမှတ် (၃) မှ ပုလဲအတွဲ ၁၁၀ တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက် ရောင်းချသွားမည်ဖြစ်သည်။

          ပုလဲအတွဲများကို ဧပြီ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် လည်းကောင်း၊ ကျောက်မျက်အတွဲများကို ဧပြီ ၂၂ ရက်မှ ၂၄ ရက်အထိ ခင်းကျင်း ပြသပြီး ဧပြီ ၂၅ ရက်တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် လည်းကောင်း၊ ကျောက်စိမ်းအတွဲ များကို ဧပြီ ၂၂ ရက်မှ ၂၅ ရက် အထိ ခင်းကျင်း ပြသပြီး ဧပြီ ၂၆ ရက်မှ ၂၈ ရက်အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

          ယခုပြပွဲတွင် ပုလဲအတွဲများကို အမေရိကန်ဒေါ်လာဖြင့် ကြမ်းခင်းဈေးသတ်မှတ် ထားရှိပြီး ငွေပေးချေရာတွင် ပြည်ပရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယွမ် ငွေတို့ဖြင့် လည်းကောင်း၊ ပြည်တွင်းရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယွမ်၊ ကျပ်ငွေ တို့ဖြင့် လည်းကောင်း ပေးချေရမည်ဖြစ်ပြီး ကျောက်မျက်၊ ကျောက်စိမ်းအတွဲ များကို ယူရိုငွေဖြင့် ကြမ်းခင်းဈေးသတ်မှတ်ထားရှိကာ ရတနာကုန်သည်များသည် အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်ငွေတို့ဖြင့် ပေးချေသွားရမည်ဖြစ်ကြောင်း သိရသည်။

          ထို့ပြင် မဏိရတနာကျောက်စိမ်းခန်းမအတွင်း၌ ကျောက်မျက်နှင့် လက်ဝတ် ရတနာ အရောင်းဆိုင်များကိုလည်း ဖွင့်လှစ်ထားရှိရာ လာရောက်လေ့လာဝယ်ယူသူ များဖြင့် စည်ကားလျက်ရှိပြီး (၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ဧပြီ ၂၂ ရက်မှ ၂၈ ရက်အထိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

1-3-1536x956 2-1-1536x917 3-5-1437x2048 5-4-1536x1024 7-3-1536x1143 8-3-1536x924 9-1-1536x934 10-1-1536x960